နေပြည်တော်၊ မေ - ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အောင်သပြေတစ်ထောင် အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက်၌ ကိန်းဝပ်စံပျော် တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် ၃၆ ပေရှိ ဗုဒ္ဓရုပ်ပွားတော် အေးချမ်းအောင်မြင်ရပ်တော်မူဘုရားကြီး ရတနာအုဌ်မြစ်တော်စီအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြု လုပ်ရာ အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက် ဦးစီးပဓာနနာယက ကချင်ပြည် နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နာယက မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဉတ္တမသီရိ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ဖတ်သရဇ္ဇယ်တော်မူသည့် ပရိတ်တရားတော်များနာယူကြည်ညိုကြကာ ရတနာရွှေကြုတ်တော်၊ ရတနာ အုဌ်မြစ် တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များကဦးဆောင်၍ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရတနာရွှေကြုတ်တော်နှင့် ရတနာအုဌ်မြစ်တော်များကို သတ်မှတ် နေရာအသီးသီးသို့ပင်ဆောင်ကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။