မြန်မာ့လက်ရွေးစင် တောင်ပံကစားသမားစည်သူအောင် ရတနာပုံအသင်းနှင့်လမ်းခွဲ

 

မြန်မာ့လက်ရွေးစင်  တောင်ပံကစား သမားစည်သူအောင်သည် မြန်မာနေရှင် နယ်လိဂ်ကလပ်    ရတနာပုံ အသင်းနှင့် လမ်းခွဲခဲ့ကြောင်း သိရသည်။ ရတနာပုံအသင်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် စည်သူအောင်ကို  အသင်းမှ  ထွက်ခွာခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။ စည်သူအောင်သည် ရန်ကုန်ယူနိုက်တက်အကယ်ဒီမှ ပေါ်ထွက်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်းတွင် ကစားခဲ့ကာ၂၀၁၄ ခုနှစ် ဘောလုံးရာသီကုန်တွင် ရတနာပုံ အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

စည်သူအောင်သည် ရတနာပုံအသင်း၌ ကစားနေစဉ် ၂၀၁၉ ဘောလုံးရာသီတွင် ထိုင်းကလပ် ချောင်ဘူရီ အသင်းသို့ ရာသီဝက် အငှားသွားရောက်ကစားပြီး ထိုင်းလိဂ်၌ ၁၁ ပွဲကစား ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

၎င်းင်းသည် ၂၀၁၃ ခုနှစ်မှစ၍ သက်တမ်းအလိုက်   လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌လည်း ရွေးချယ်ခံခဲ့ရသည်။

ရတနာပုံအသင်းသည်  ပြီးခဲ့သည့် ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်ခဲ့သည့်    ကွင်းလယ် ကစားသမား မောင်မောင်စိုး၊   နောက်ခံကစားသမား ရဲရင့်အောင်တို့နှင့်လည်း လမ်းခွဲခဲ့သည်။ ထို့ပြင် ရတနာပုံအသင်းသည် မြန်မာ့လက်ရွေးစင်တို က်စစ်မှူးအောင်သူကို ထိုင်းကလပ် ဘူရီယမ်အသင်းသို့ အပြီးသတ်ရောင်းချခဲ့ပြီး    ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုကိုလည်း ထိုင်းကလပ် ဆူခိုထိုင်းအသင်းသို့   ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့သည်။

ကိုရဲ