မြန်မာ့ စီးပွားရေးဘဏ်၏ ပြည်သူများသို့ ပန်ကြားချက်

၁။ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံ့ဝန်ထမ်းလစာများနှင့် အငြိမ်းစား ဝန်ထမ်းလစာများအား လစဉ်ထုတ်ပေး မှုကို ဆောင်ရွက်လျက်ရှိပါသည်။ အငြိမ်းစားဝန်ထမ်းများ အနေဖြင့် ပင်စင်လစာ ထုတ်ယူခြင်းကို လစဉ် ရုံးဖွင့် ရက် (၂၁) ရက်နေ့ တစ်ရက်တည်း တွင်သာ စုပြုံထုတ်ယူရန် မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ် ဖွင့်သည့်ရက် များတွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက် ပေးထားပြီးဖြစ်ပါသည်။

၂။ နိုင်ငံ့ ဝန်ထမ်းများ၏ လစာနှင့်စရိတ်များ ထုတ်ယူနိုင်ရန် ဌာနဆိုင်ရာ များအနေဖြင့် သတ်မှတ်ထားသည့် နေ့ရက် များအတိုင်း ပုံမှန်လစာထုတ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများအား လစဉ် (၂၁) ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ် ယူခြင်းအစား လစဉ် (၂၁) ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ကို အဆင်ပြေစွာ ထုတ်ယူနိုင်ပါကြောင်း အသိပေး ပန်ကြား အပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်