နေပြည်တော်၊ ဧပြီလ ၂၃
အကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများအား မီးပုလင်းဖြင့် ပစ်ပေါက်မီးရှို့ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရေးတို့အတွက် နိုင်ငံတော် ဘဏ္ဍာငွေများဖြင့် ဆောက်လုပ်ထားရှိသည့် တံတားများအား မီးရှို့ဖျက်ဆီးခြင်းများကို အမျှော်အမြင် ဆင်ခြင်မဲ့စွာဖြင့် ပြုမူဆောင်ရွက်လျက်ရှိသည်။
ထို့သို့လုပ်ဆောင်ရာတွင် ဧပြီလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာနှင့် သာဂရကျေးရွာကြား ခင်ဦး-ရေဦး ကားလမ်း မိုင်တိုင်အမှတ် (၂/၁၁)ရှိ အလျား ၁၆၀ ပေ သံပေါင်ဘေလီတံတားအား အကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွား ရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တံတားသစ်သားကြမ်းခင်း အရှည် ပေ ၄၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၁ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၂)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးပုလင်းဖြစ်ပစ်ပေါက်မီးရှို့ခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ် ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံး၊ ရုံးအတွင်းရှိ ပရိဘောဂများနှင့် ရုံးသုံး စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းတံတားများနှင့်နိူင်ငံတော်ပိုင် အဆောက် အဦများအား မီးရှို့ဖျက်ဆီးခဲ့သူ များအားရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီအရေး ယူနိုင်ရေးဆောင်ရွက် သွားမည် သတင်း ရရှိသည်။