နေပြည်တော် မတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုတိုက်ပွဲရှောင်စခန်းရှိ ဒေါ်ဖြူနှင်းချေ(ဘ) ဦးကျော်ဇံလှနေထိုင် သည့် အခန်းအတွင်း၌ မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် အဆိုပါ တိုက်ပွဲရှောင်စခန်းရှိ နေအိမ်အခန်းပေါင်း ၇၀၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်ဖြူနှင်းချေ၏ အစ်မဖြစ်သူ ဒေါ်သိန်းမေတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် တိမ်ညိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိသည်။
မီးလောင်ရာ တိမ်ညိုတိုက်ပွဲရှောင်စခန်းသို့ ယနေ့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး မီးဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ် သည်။
အဆိုပါတိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေများ အား မိုင်းရှင်းလင်းပေးခြင်း၊ အိမ်ဆောက်ပြုပြင်ရန် လိုအပ်မှုများနှင့် လုပ်ကိုင်စားသောက်ရန် လိုအပ်ချက် များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဒေသအသီးသီး အတွက် လည်း စုဖွဲ့ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)