ယခုနှစ်ခြောက်လတာကာလအတွင်း ဆူးလေဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းခုနစ်သောင်းကျော် တင်ပို့ထား
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းမှ တစ်ဆင့် ဘယ်လ်ဂျီ ယံ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများအပြင် အာရှနှင့် ဥရောပနိုင်ငံတချို့သို့ မြန်မာနိုင်ငံ ၏ အဓိကပို့ကုန်ဖြစ်သော ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် နှစ်သိန်းခုနစ်သောင်း ကျော် တင်ပို့ ထားပြီး ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် နိုင်ငံတကာဆက်ဆံရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။
ထိုသို့ တင်ပို့မှုများအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်း တန် ချိန် ၁၂၅၇၀၁ တန် တင်ပို့ခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ စနစ်ဖြင့် ဆန်တန်ချိန် ၁၀၂၄၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။
၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး ဆူးလေဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုပမာဏမှာ တန်ချိန် ၁၇၅၁၄၄ တန်သာရှိသည့်အတွက် ယခင်နှစ်ကထက် ယခုနှစ် ခြောက် လတာကာလအတွင်း တန်ချိန်တစ်သိန်း ကျော် ပိုမိုတင်ပို့ထားပြီးဖြစ်သည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့သော ပြည်ပနိုင်ငံများတွင် ဘယ်လ်ဂျီယံ၊ ဘင်္ဂလား ဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပိုလန်၊ အိုင်ဗရီကို့စ်၊ ဘူလ်ဂေးရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စသည့်နိုင်ငံများပါဝင်သည့်အပြင် တခြား ပြည်ပနိုင်ငံတချို့သို့လည်း တင်ပို့လျက်ရှိ သည်။
ဆူးလေဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ဆိပ်ကမ်းတံတားသို့ ဆိုက်ကပ်လာသော ပင်လယ်ကူးကုန်တင်သင်္ဘောများ၊ ဆိပ်ကမ်းရှိ ဝန်ထမ်းများနှင့် တာဝန်ရှိသူ အားလုံးကို COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာဆောင်ရွက် စေသည့် အပြင် လိုအပ်သော စစ်ဆေးမှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆောင်းဦး