ယနေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၂၃၆၄ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၁၁

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်   အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအားကိုဗစ်-၁၉ ရောဂါ  ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၀-၉-၂၀၂၁)ရက် ည ၈ နာရီမှ(၁၁-၉-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆၁၉၆ ခုအားစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃၆၄ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၉၃၃၃၇၀ ခုအား   စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၄၂၉၈၈၀ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၂၄၅၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၃၇၈၂၆၅ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံးသူ ၉၈ ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၆၄၅၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                     

(၅၀၀)