ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါ ပိုးတွေ့လူနာ ၁၆ ဦး ထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၆ ဦးနှင့် သေဆုံးသူတစ်ဦး

ရှိကြောင်း သိရသည်။

(၁၃-၂-၂ဝ၂၁) ရက် ည ၈ နာရီမှ (၁၄-၂-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇ဝ၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၆ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၄၇၅၉၁ဝ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁၆ဝ၁ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၈ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃ဝ၃၃၁ ဦးဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။  COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၁၈၉ ဦးရှိသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့်   ''ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်(mask and face shield campaign)'' ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။