ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁ ဦးနှင့် သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။

(၂၁-၂-၂၀၂၁) ရက် ည ၈ နာရီမှ (၂၂-၂-၂၀၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၈၆  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၈၃၉၃၅ ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း  ၁၄၁၇၆၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၆ ဦးဖြစ်သဖြင့်   ယနေ့အထိ   စုစုပေါင်း ၁၃၁၃၁၈ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိသဖြင့်    ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၁၉၇ ဦးရှိသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင် ရွက်နေသည့် “ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (mask and face shield campaign)” ၌ ပါဝင်သော ဆောင်ရွက်ရမည့်အချက်များကို တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက် ခြင်းနှင့် “တစ်ဦးကိုတစ်ဦး  အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ဆောင်ရွက်မှသာလျှင် ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။    

 (၅၀၀)