ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၇၇ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၇၇ ဦးနှင့် သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

(၂၃-၃-၂၀၂၀)ရက်မှ (၃-၂-၂၀၂၁)ရက်အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀၉၂၇ ဦး၏ မြို့နယ် အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၃-၂-၂၀၂၁)ရက်   ည ၈ နာရီမှ (၄-၂-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၈၄၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၇ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၅၀၀