ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၈  ဦး ထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၈  ဦး ထပ်တိုး

နေပြည်တော်  ဧပြီ  ၂၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင COVID-19ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ  ၃၈  ဦးနှင့် သေဆုံးသူ

တစ်ဦး ရှိကြောင်း သိရသည်။

(၂၆-၄-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၇-၄-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၄၄၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၃၈  ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း  ၂၅၇၁၂၅၇ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၄၂၇၇၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ ခြောက်ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၉၅၁ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့်   ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၂ဝ၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။