ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၄၉ ဦးထပ်တိုး
နေပြည်တော် ဇန်နဝါရီ ၁၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၄၄၉ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၆-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၃၃၈၆၉ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၅ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၆-၁-၂၀၂၁)ရက် ည ၈ နာရီမှ (၁၇-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၆၅၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၄၉ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။