ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၅၁ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၅၁ ဦးထပ်တိုး

နေပြည်တော် ဇန်နဝါရီ ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည  ၈  နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19  ရောဂါ ပိုးတွေ့လူနာ ၅၅၁ ဦးနှင့် သေဆုံးသူ ၂၀ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၁-၁-၂၀၂၁)ရက် အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ ၁၃၁၁၈၆ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၁-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁၂-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၇၃၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၅၁ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။