ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၈၂ ဦးထပ်တိုး

 

နေပြည်တော် ဇန်နဝါရီ  ၁၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၅၈၂ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။

(၂၃-၃-၂၀၂၀)ရက်မှ (၁၀-၁-၂၀၂၁)ရက်အထိတွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ ၁၃၀၆၀၄ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၇ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၀-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁၁-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၂၅၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၅၈၂ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။