နေပြည်တော် ဧပြီ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၂ ဦးနှင့် သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။
(၂၇-၄-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၈-၄-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၃၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦး တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၅၇၂၉၉၂ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၄၂၇၉ဝ ဦးရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ လေးဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၉၅၅ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၂ဝ၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။