ရက်ကန်းလုပ်ငန်း ၀ ရာခိုင်နှုန်းခန့် ပြန်လည်လည်ပတ်မှုရှိလာ
COVID-19 ရောဂါအခြေအနေ ကြောင့် ရပ်နားထားရသည့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရက်ကန်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် ယခုအခါ လုပ်ငန်း ပြန်လည် လည်ပတ်မှုရှိလာကြောင်း စစ်ကိုင်းခရိုင် ရက်ကန်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ပြောပြ ချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ဃဥဠှီု-၁၉ ရောဂါနှင့်ပတ်သက်သည့် စည်းကမ်းချက် များအရ ရက်ကန်းရုံကြီးများပင် အလုပ် သမားများကို အဆိုင်းများခွဲ၍ လုပ်ငန်း ဆောင်ရွက်နေရသည့်အတွက် လုပ်ငန်း၏ထုတ်လုပ်မှုနှုန်း ၅၀ ရာခိုင်နှုန်းခန့် ကျဆင်း သွားသည့်အပြင် ဈေးကွက်လိုအပ်ချက် လည်း လုံးဝမရှိတော့သောကြောင့် ဆက် လက်ရပ်တည်ရန် ခက်ခဲလာရာ မိရိုး ဖလာလုပ်ကိုင်နေသည့် ရက်ကန်းလုပ်ငန်း ငယ်များ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ လယ်ခန့်ကတည်းက လုပ်ငန်းရပ်ဆိုင်းခဲ့ရ ခြင်းဖြစ်သည်။
COVID-19 ရောဂါကာလမှာ အခက် အခဲတွေကတော့ အများကြီးပါပဲ။ အဝတ် အထည်ဆိုတာကလည်း ပွဲလမ်းသဘင်တွေ ကို အမှီပြုပြီး ထုတ်လုပ်ရတဲ့ပစ္စည်းဖြစ် တဲ့အပြင် ဝယ်ယူသုံးစွဲမှုလည်း လုံး၀ ရပ်တန့်သွားတယ်။ ရက်ကန်းတွေကိုသိမ်း တဲ့ ကုန်စည်ဒိုင်ကြီးတွေကလည်း ကြာတော့ တောင့်မခံနိုင်တော့ဘူး ဟု ဦးအောင် သန်းဦးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြောင် မြို့နယ်၌ ရက်ကန်းလုပ်ငန်း ၅၀၀ မှ ၆၀၀ ခန့်၊ မြင်းမူမြို့နယ်၌ လုပ်ငန်း ၁၅၀ မှ ၂၀၀ ခန့်နှင့် စစ်ကိုင်းမြို့ဝန်းကျင်၌ လုပ်ငန်း ၈၀၀ ခန့်ရှိကြောင်း သိရသည်။
နေနေ