နေပြည်တော်၊ အောက်တိုဘာ - ၁၂
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော် သားများနှင့် ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နေ့လယ် ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ လာရောက်ပေးအပ်ကြသည်။ ထိုသို့ပေးအပ်ရာတွင် ပါရမီလုပ်ငန်းစု(ဖျာပုံ)နှင့် ကောင်းထူးဟိဏ်းကုမ္ပဏီမှ ဦးဘိုဘိုက ခေါက်ဆွဲခြောက် ၉၀၀ ထုပ်၊ ကွတ်ကီးမုန့်ကြွပ် ၁၂၀၀ ထုပ်၊ ငါးသေတ္တာဘူး ၃၀၀ ဘူးနှင့် ဂုဏ်ပြုငွေကျပ်သိန်း ၂၀ ကို ပေးအပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။