ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ် မိုင်းတပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိ

နေပြည်တော် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်၌ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းတပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက် အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အာကာအောင်(၂၆)နှစ် (ဘ) ဦးအောင်မြင့်ဝင်းအား ယာမျက်လုံး၊ ဝဲယာလက်ညှိုး၊ လက်မနှင့် ယာခြေသလုံးတို့တွင် ပေါက်ပြဲဒဏ်ရာများ ဖြင့် မိုးကောင်းမုန့်တိုက်အနီး လဲကျနေသည်ကိုတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှု ခံယူနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ တိုက်အမှတ်(၁၂၈)၊  ဒုတိယထပ်ရှိ   တိုက်ခန်းအားသွားရောက်ရှာဖွေရာ လက်လုပ်မိုင်းတပ်ဆင်ရာ တွင်အသုံးပြုသည့် Keypad ဖုန်း ၂ လုံး၊ သုံးလုံးတွဲ ဓာတ်ခဲ ၂ စုံ၊ အလျား ၆ လက်မရှိ စတီးပိုက် ၂ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား