ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်တို့၌ မီးလောင်မှုများ ဖြစ်ပွား

နေပြည်တော်၊ ဧပြီ - ၃
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဝါးတစ်ရာ စက်မှုဇုန်၊ သိမ်ချောင်းလမ်းရှိ Myanmar ZXL အဝတ်လျှော်စက်၊ စက်ရုံ၌ ယနေ့နံနက် ၂ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂၀)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
အလားတူ မန္တလေးတိုင်းဒေသကြိး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော် ရပ်ကွက်ရှိ အမှတ်(၃၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၃ နာရီခွဲ ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
အဆိုပါမီးလောင်မှုများကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နှင့်  မီးလောင်ရသည့်အကြောင်းအရင်းအား အမြန်ဆုံးဖော်ထုတ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။