ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် လူနေအိမ်များအား ဆူပူအကြမ်းဖက်သူလူတစ်စုက မီးရှို့ှုဖျက်ဆီး၊ လက်လုပ်မိုင်းများနှင့် မီးပုလင်းများ ပစ်ခတ်
နေပြည်တော်၊ မတ် - ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် သီတာနွယ် လမ်းဆုံအနီးရှိ နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်က မတ် ၂၂ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် လာရောက်မီးရှို့မှုပြုလုပ်ခဲ့သည်။
အဆိုပါမီးရှို့မှုဖြစ်ပွားခဲ့သည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ည ၉ နာရီ ၅၀ မိနစ်ခန့် တွင် သွားရောက်ခဲ့ပြီး ဆူပူအကြမ်းဖက်သူများအား လုပ်ထုံးလုပ်နည်များနှင့်အညီ လူစုခွဲခဲ့ကာ မီးသတ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့ပြီး ၎င်းင်းရုံးအနီးရှိ တယ်လီဖုန်းဆိုင် ၁ ဆိုင် မီးကူးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီး သူများအား နှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေးအမြန်ဆုံးစုံစမ်းဖော်ထုတ်၍ ထိရောက်စွာဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းရှိ၊ ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အား မတ် ၂၂ ရက် ည ၈ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး၊ ပြူတင်းပေါက်အား ဖွင့်၍ ကျော်တက်ကာ ရုံးတွင်းသို့ဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူး ရုံးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ယူဆောင်၍ ရုံးရှေ့လမ်းမကြီးပေါ်တွင် မီးရှို့ နေကြောင်း သိရှိရသဖြင့် ရပ်ကွက်နေတာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၉)၊ နတ်ရေကန်လမ်းသွယ်နေ ဦးတင်သန်း(ဘ)ဦးသိန်းဟန် ၏ နေအိမ်အမိုးပေါ်သို့ ယနေ့ညနေ ၃ နာရီခန့်တွင် ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာသည့် ဆူပူအကြမ်းဖက်သူ ၂ ဦးက လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ရန်ပြုပစ်ခတ်ထွက်ပြေးခဲ့သဖြင့် လက်လုပ်မိုင်း ၁ လုံးမှာ နေအိမ်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဦးတင်သန်း၏ သမီး ၁ ဦးနှင့် သား ၁ ဦးတို့တွင် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ကူမဲမြို့၊ နယ်မြေရဲစခန်းရှိ အိမ်ထောင်သည်လိုင်းခန်း အတွင်းသို့ ယနေ့နံနက် ၁ နာရီခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးက မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုမရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ အစိုးရအုပ်ချုပ်မှုယန္တရားများ လည်ပတ်မှုကို ဟန့်တားနှောင့်ယှက်ပျက်စီး စေရန်၊ အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်သွားသည့် အကြမ်းဖက်လူတစ်စု အား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။