ရပ်စောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

ရပ်စောက်  ဇွန်  ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို   ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်း က အမှာစကားပြောကြားသည်။ ဆက်လက်၍  ရပ်စောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  မပြုလုပ်ရသေးသည့် အသက် ၁၀ နှစ်အထက် လူဦးရေ ၅၀၄ ဦးနှင့် အိမ်ထောင်စုစာရင်း ၅၀ စုတို့ကို ပေးအပ်ခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ  ကျန်ရှိသောကျေးရွာများမှ ပြည်သူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး  ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရပ်စောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး  တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)