ရုရှားရွေးကောက်ပွဲ၌ ပူတင်ကို လိုလားသော ပါတီက အနိုင်ရရန် ရေပန်းစားနေ

ရုရှားရွေးကောက်ပွဲ၌ ပူတင်ကို လိုလားသော ပါတီက အနိုင်ရရန် ရေပန်းစားနေ

ရုရှားနိုင်ငံ၌ပြုလုပ်နေသော လွှတ်တော် ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဗလာဒီမာပူတင်ကို လိုလားသော လက်ရှိအာဏာရ ပါတီကအနိုင်ရရန် ရေပန်းစားနေကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲကို သုံးရက်တိုင်တိုင် ပြုလုပ်ခြင်းဖြစ်ပြီး နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၁၉ ရက်တွင်  ယခုကဲ့သို့ ခန့်မှန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအာဏာရ ပါတီဖြစ်သည့် ညီညွတ်သော ရုရှားပါတီသည် လွှတ်တော်အမတ်နေရာ ၄၅ဝ ရှိသည့် အောက်လွှတ်တော်၌ အမတ်နေရာလေးပုံသုံးပုံ နီးပါးကို ပိုင်ဆိုင်ထားသည်။

ပူတင်အနေဖြင့် ၂ဝ၃၆  ခုနှစ်အထိ သမ္မတနေရာအတွက်  ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိစေမည့် ဥပဒေတစ်ရပ်ကိုအောက် လွှတ်တော်က ပြီးခဲ့သည့်နှစ်တွင် အတည်ပြုထားသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲတွင် ညီညွတ်သော ရုရှားပါတီသာ အမတ်နေရာ အများအပြားကို ပြန်လည်ရရှိပါက ပူတင်သည်သာ ရုရှားနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။