ရုရှားလွှတ်တော် ရွေးကောက်ပွဲ၌ ပူတင်ကို ထောက်ခံသည့် ပါတီအနိုင်ရ

ရုရှားလွှတ်တော် ရွေးကောက်ပွဲ၌ ပူတင်ကို ထောက်ခံသည့် ပါတီအနိုင်ရ

ရုရှားနိုင်ငံ၌ ပြုလုပ်နေသော လွှတ်တော် ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံသည့်   ညီညွတ်သော ရုရှားပါတီက အနိုင်ရရှိပြီး    လွှတ်တော်အမတ် နေရာများကို ဆက်လက် ထိန်းသိမ်း ထားနိုင်ကြောင်း သိရသည်။

စက်တင်ဘာ ၂ဝ ရက်အထိ ရေတွက်ပြီးသည့် မဲစာရင်းအရေအတွက် ၈၅ ရာခိုင်နှုန်း အနက် ညီညွတ်သော ရုရှားပါတီက ၅ဝ ရာခိုင်နှုန်း နီးပါးဖြင့် အနိုင်ရရှိထားကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

ယခုကဲ့သို့ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာမှုသည် လက်ရှိရုရှားနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ကြီးစွာပြောင်းလဲစေမည် မဟုတ်ကြောင်း လေ့လာသူများက ပြောသည်။

ထို့ပြင်  ပြီးခဲ့သည့်နှစ်တွင် ပြင်ဆင်ထားသည့် ဥပဒေအရ ဗလာဒီမာပူတင် အနေဖြင့် လက်ရှိသမ္မတ သက်တမ်းကုန်ဆုံးမည့် ၂ဝ၂၄ ခုနှစ် နောက်ပိုင်းတွင်လည်း နောက်ထပ်သမ္မတ သက်တမ်းနှစ်ဆက်အတွက် ရွေးကောက်ပွဲ ဝင်ခွင့်ရရှိထားသည်။

ရုရှားနိုင်ငံ၏    ဂုဏ်သိက္ခာပြန်လည် မြင့်တက်လာအောင်   စွမ်းဆောင်နိုင်မှု၊ အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်မှုများကြောင့်  အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် သမ္မတ ဗလာဒီမာပူတင်ကို လူကြိုက်များနေဆဲ ဖြစ်ကြောင်း သိရသည်။

Ref: CNA