ရေလုပ်သားများ ကိုဗစ်ကာလအတွင်း အခက်အခဲပြေလည်စေရေး ငါးဖမ်းလှေကြီးများ ကမ်းဝေးငါးဖမ်းဆီးမှုကို ပြန်လည်ခွင့်ပြု
ကျောက်ဖြူ၊ စီးပွားရေး
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ရေလုပ်သား များနှင့် ရေလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများအား ပြန်လည်ကုစားနိုင် ရေး ငါးမဖမ်းရကာလ (မေ၊ ဇွန်၊ ဇူလိုင်) သုံးလ ပိတ်ထားခြင်းကို ဖြေလျှော့ကာ လုပ်ငန်း အမျိုးအစားအလိုက် ရေယာဉ်အစင်းရေ၏ ၅၀ ရာခိုင်နှုန်းကို ဇူလိုင် ၁၆ ရက်မှစ၍ အဆိုပါဦးစီးဌာန စုပေါင်းစစ်ဆေးရေးစခန်းမှ ငါးဖမ်းလှေကြီးများ ကမ်းဝေးငါးဖမ်းဆီးမှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ကမ်းဝေးငါးဖမ်းဆီးမှုအနေဖြင့် ငါးဖမ်းရေယာဉ် ၃၄ စင်းဖြင့် ငါးဖမ်းထွက်ခွာခွင့် ပြုကြောင်းနှင့် ရေယာဉ်တွင် စီးနင်းလိုက်ပါကြမည့် ရေလုပ်သားများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရေလုပ်သား မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးခြင်းနှင့် ပင်လယ်ပြင်၌ လိုက်နာနေထိုင် ကြရမည့်သတ်မှတ်ချက်များအား ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ များက ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းငါးဖမ်းရေယာဉ် ၃၄ စင်းတွင် ရေလုပ်သား ၆၀၀ ခန့်ပါရှိပြီး ကျောက်ဖြူခရိုင် အတွင်းတွင် စုစုပေါင်း ငါးဖမ်းရေယာဉ် ၁၆၄ စင်းရှိကာ ရေလုပ်သား ၄၀၀၀ ကျော်ခန့်ပါရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း