ရွှေဆံတော်စေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆက်လက်ဖူးမြော်ခွင့်ပြုထား

ရွှေဆံတော်စေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆက်လက်ဖူးမြော်ခွင့်ပြုထား

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ   ရှေးဟောင်းသမိုင်းဝင်   ရွှေဆံတော် စေတီတော် မြတ်ကြီးအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက် ဖူးမြော်ခွင့် ပြုထားကြောင်း   ရွှေဆံတော်စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးသည်  တန်ခိုးကြီး  ရှေးဟောင်းသမိုင်းဝင်စေတီ တစ်ဆူ ဖြစ်ပြီး နှစ်စဉ် ဘုရားပွဲကျင်းပသည့် ကာလများတွင် အမြို့မြို့အနယ်နယ်နှင့် အနီး ဝန်းကျင်ရှိ ကျေးရွာများမှ ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။ အဆိုပါ စေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်ဖြစ်ပွားချိန်မှစ၍ ဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ရာ  ဖေဖော်ဝါရီ ၈ ရက်က ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့လာရောက်ဖူးမြော်ရာတွင် အရှေ့ ဘက်စောင်းတန်းမုခ်မှသာ တက်ရောက် ဖူးမြော်ခွင့်ပြုပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ တက်ရောက်ဖူးမြော်စေကြောင်း သိရသည်။

မောင်ယဉ်ဦး(ဒလ)