နေပြည်တော်၊ ဧပြီ - ၁၇
COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် အခြားဘာသာများအလိုက် ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များတွင် ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ ကုသိုလ်ယူ ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။
အလားတူ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင်လည်း သက်ဆိုင်ရာဘာသာဝင် များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက် ရှိှိကြောင်း သတင်းရရှိသည်။