ရွှေသောင်ယံမြို့ ဂျိုင်ကြီးကမ်းခြေ၌ ရေနေသတ္တဝါလင်းပိုင် ဒေသအခေါ်လင်းရှူး အရှင်နှစ်ကောင်အားတွေ့ရှိ

ရွှေသောင်ယံ၊ ရေနေသတ္တဝါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရွှေသောင်ယံမြို့  အမှတ် (၃)ရပ်ကွက်အပိုင် ဂျိုင်ကြီးကမ်းခြေတွင် ဇွန် ၂၇ ရက် နံနက် ၆ နာရီက ရေနေသတ္တဝါလင်းပိုင် ဒေသအခေါ်လင်းရှူး  အရှင်နှစ်ကောင်ကမ်းတင်နေမှုကို ဒေသခံများကတွေ့ရှိရသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြားရာ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ လာရောက် ကြည့်ရှုပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် စက်လှေဖြင့် ပင်လယ်တွင်းသို့  ပြန်လည်လွှတ်ပေးကြကြောင်း သိရသည်။

အဆိုပါ ရေနေသတ္တဝါလင်းပိုင် ဒေသအခေါ် လင်းရှူးမှာ  ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာန၏တို င်းထွာချက်အရအလျား ၆ ပေ ၁ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊  အမြီး ၁ ပေ ၄ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မရှိ တစ်ကောင်နှင့် အလျား ၆ ပေ ၃ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊ အမြီး ၁ ပေ ၉ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မစီရှိကြောင်း ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)