ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့နယ်များရှိ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတို့၌ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဘုရားရေသပ္ပယ်ခြင်း၊ ဘုရားဝန်းများ အတွင်း/အပြင်၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချုံနွယ်ပေါင်းမြတ်များ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ‌ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။