လက်စတာတိုက်စစ်မှူးဆလီမာနီ လိုင်ယွန်သို့ပြောင်းရန်စီစဉ်

လက်စတာတိုက်စစ်မှူးဆလီမာနီ လိုင်ယွန်သို့ပြောင်းရန်စီစဉ်

လက်စတာအသင်း    တိုက်စစ်မှူး အစ္စမေးလ်ဆလီမာနီသည် ဇန်နဝါရီ ၁၂ ရက်က ပြင်သစ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး  လိုင်ယွန်အသင်းသို့ပြောင်းရွှေ့ရန် ဆေးစစ်မှုခံယူနေကြောင်း သိရသည်။ အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဆလီမာနီသည် ရာသီကုန်တွင် လက်စတာနှင့် စာချုပ်သက်တမ်းကုန်မည်ဖြစ်ရာ လက်စတာအသင်းနည်းပြဘရန်ဒန်ရော်ဂျာက အသင်းမှ  ထွက်ခွာခွင့်ပေးလိုက်သည့်အတွက်  လိုင်ယွန်သို့ပြောင်းရွှေ့ရန် ဆေးစစ်မှုခံယူနေခြင်းဖြစ်သည်။ လိုင်ယွန်အသင်းသည် အသင်း၏ အဓိကတိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို အက်သလက်တီကိုအသင်းထံ ရောင်းထုတ်တော့မည်ဖြစ်ရာ ဆလီမာနီကို အစားထိုးရန် ခေါ်ယူခြင်းဖြစ်သည်။

Ref:Dailymail