လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ(၁၃၈)

မေး။     ။ ဆရာကြီးရှင့် သမီးအသက်က ၂၅ နှစ်ပါ။ အရပ်က ၅ ပေပါရှင့်။ သမီးပေါင်ချိန်က ၁၃၉ ပါရှင့်။ အသက်ရှူရကျပ်ပါတယ်။ တစ်ခါတစ်ခါ ညနေဘက် အစားလုံးဝရှောင်ပါတယ်ရှင့်။ သမီးပိန်ချင်လို့လမ်းညွှန် ပေးပါဦးဆရာကြီးရှင့်။

ဖြေ။      ။ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်ဟင်းစားဇွန်းတစ်ဇွန်းကို ရောစပ်ညအိပ်ရာဝင်သောက်ပါ။ ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်ထား တဖြည်းဖြည်း တစ်နေကုန်သောက်ပါ။ သက်ရင်းကြီး ရွက်နု နှစ်ရွက် ထမင်းစားတိုင်း အတို့အမြှုပ်လုပ်စား ပါက ဝမ်းဗိုက်အဆီကျစေသည်။ လမ်းများများလျှောက်ပါ။ ခြေလေးချောင်းသား တတ်နိုင်သမျှရှောင်စားပါ။

မေး။     ။ ဆရာမင်္ဂလာပါရှင့်။ ခရေရွက်ပြုတ်ရည်ကို အစာမစားမီသောက်ရမှာလား။ အစာစားပြီးသောက်ရမှာလား ဖြေကြား ပေးပါရှင့်။ ဆီးချိုရှိသူကို တိုက်ချင်လို့ပါရှင့်။

ဖြေ။      ။ စားပြီးမှသောက်ပါ။ မစားခင်သောက်ရင် အရမ်းကျသွားတတ်လို့ပါ။ အကြမ်းပန်းကန်တစ်လုံး ထက်ပိုမသောက်ပါနှင့်။ ချင့်ချိန်သောက်ပါ။

မေး။     ။ မင်္ဂလာပါဆရာ။ ကျွန်တော်က အသက် ၃၈ နှစ်ပါ။ အလုပ်က စက်မောင်းပါခင်ဗျာ။ အသက် ၂၉ လောက်က ဘောလုံးကန်ရင်း ခြေချင်းဝတ်လည်ဖူးပါတယ်။ ဒီလိုပဲ နည်းနည်းကြာတော့ အနာပျောက်လို့ ဘာဆေးမှ ထူးထူးထွေထွေ မလုပ်ဖြစ်ပါဘူးခင်ဗျာ။ နောက်ဘောလုံးကန်တိုင်းလည်း မကြာမကြာခြေပွတ် တိုင်လည်ပေမယ့် သိပ်မနာတော့ပါဘူး။ တစ်ရက် နှစ်ရက်နေရင် ပျောက်တတ်လို့ ပေါ့ပေါ့ဆဆနေခဲ့ပါတယ်ဆရာ။ အသက် ၃၅ ရောက်တော့   လုပ်ငန်းခွင်မှာ ၆ ပေလောက် အမြင့်ကခုန်ချမိပြီး ခြေထပ်ခေါက်လို့ဆေးရုံမှာ ဓာတ်မှန်ရိုက်ဆေးကုတော့ အရွတ်ရောင်တယ်ပဲပြောပါတယ်ဆရာ။   နည်းနည်း သက်သာလာလို့ ဒီတိုင်းပဲနေရင်းက ၂၀၁၉ ဒီဇင်ဘာမှာ ထုံတာတွေ ဖြစ်လာလို့ ဆေးခန်းပြကြည့်တော့ အာရုံကြောဆေး တွေစားရပါတယ်။ ထုံတာတွေသက်သာပေမယ့် ဆေးကဈေးအရမ်းကြီးပါတယ်ခင်ဗျာ။ နှစ်လဆက်တိုက်စားပြီး မစားဘဲနေခဲ့ပါ တယ်။ အခု ၂၀၂၀  ၁၁ လပိုင်း ကျတော့ ခြေထောက်က အားမရှိတော့သလိုပါပဲ။ လမ်းနည်းနည်းလျှောက်ရင်ကိုပဲ    တင်ပါးဆုံတွေ ခါးတွေပါ အောင့်အောင့်လာပါတယ်။ ခြေချင်းဝတ်တိုင်ကလည်း မသက်သာပါဘူးခင်ဗျ။  ခြေချင်းဝတ်တိုင်အထိနာပြီး အာရုံကြော ညှပ်တာလို့ အရပ်ကပြောကြပါတယ်။ ကျွန်တော့်ကို ကူညီပြီးလမ်းပြပေးပါဦး ဆရာရယ်။

ဖြေ။      ။ မုန်ညင်းဆီထဲ ချင်းတက်ထုခြေထည့်မီးနဲ့ဆူအောင်ချက် စိမ့်ဝင်အောင်လိမ်းပါ။ အဝတ်ပတ်တီး စည်းအိပ်ပါ။  ဖြေရင် ဆားရည်နွေးနွေးစိမ်ပေးပါ။ ဒဏ်ဖြစ်တဲ့ခြေချင်းဝတ်ကို   သံပရာသီး ၁၀ လုံး ရေခန်းပြုတ်နူးရင်အစေ့ဖယ်ပြီး ညက်အောင်ထောင်း ခြေမျက်စိ၊ ခြေချင်းဝတ်မှာအုံပြီး အဝတ်ပတ်တီးနဲ့ လုံအောင်စည်းပါ။ ညအိပ်ရာဝင်စည်း  မနက်ထ ဖြေပါ။ ၁၄ ရက်စည်းပါ။ သက်သာသွားပါလိမ့်မယ်။

မေး။     ။ မင်္ဂလာပါဆရာကြီးရှင့်။ ကျွန်မသတင်းစာမှာပါတဲ့ ဆရာကြီးရေးတဲ့ ဆေးဖက်ဝင်တိုင်းရင်းဆေးကဏ္ဍကို အမြဲဖတ်ရှု လေ့လာသူတစ်ယောက်ပါရှင့်။ ကျွန်မကို မေးခွင့်ပြုပါရှင့် ကျွန်မသမီးလေးက အလှူလုပ်တော့သီလရှင်ဝတ်လို့ ခေါင်းတုံးတုံးပြီး ပြန်ပေါက်လာတဲ့ဆံပင်တွေက ပင်ကိုအတိုင်းမဟုတ်ဘဲ တွန့်လိမ်ကောက်ကွေးနေပါတယ်ရှင့်။ သူ့ပင်ကိုအတိုင်း ပျော့ပျောင်း ဖြောင့်စင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျေးဇူးပြု၍သိပါရစေရှင့်။

ဖြေ။      ။ဆံပင်သန်လွန်းလို့ဖြစ်တာပါ။ ရှားစောင်းလက်ပပ်အနှစ်ကို ပျားရည်တစ်ဇွန်းနဲ့ ရောခေါက် ဖျော်ပြီး  ခေါင်းမှာလိမ်းပါ။   မိနစ် ၂၀ ကြာမှ ခေါင်းလျှော်ပါ။ တစ်ပတ်တစ်ခါ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပေးပါ။

မေး။     ။ ဆရာရှင့် ကျွန်မမေမေက  အသက် ၇၀ ကျော်ပါ။ ခေါင်းနောက်စေ့ကထိုးပြီး ခေါင်းကျိန်းတာကျဉ်တာဖြစ်တတ်ပါတယ်။ ဘာများလုပ်ရမလဲ။ ဘာများစားရမလဲ ကျေးဇူးပြုပြီး ညွှန်ပြပေးပါရှင့်။

ဖြေ။      ။ သွေးတိုးတဲ့လက္ခဏာပါ။ သွေးပေါင်နေ့စဉ်ပုံမှန်ချိန်ပေးပါ။ လေဖြတ်မည့် ရှေ့ပြေးလက္ခဏာများမှာလည်း ဦးခေါင်း နောက်စေ့တွင် ခေါင်းကိုက်ခြင်း ဆိုတာပါတယ်။ အငန်၊ အခါး၊ အဆီများသော အစာ များရှောင်ပါ။  ခြေလေးချောင်းသားတတ်နိုင်သမျှ ရှောင်စားပါ။ လမ်းလျှောက်ပါ။

မေး။     ။ ဆရာရှင့် ကျွန်မအမျိုးသားက အရက်အရမ်းသောက်လို့ အရက်မသောက်ချင်တဲ့ဆေးနည်းလေးရှိရင် ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။

ဖြေ။      ။ ငှက်ပျောအူဟင်းချက်ကျွေးပါ။ နလင်ကျော်တုံးသွေးတိုက်ပါ။ မနက်အိပ်ယာထ ပျားရည်တစ်ဇွန်း သောက်ပါ။ ကြာရင် အရက်ပြတ်ပါတယ်။

မေး။     ။ ဆရာကြီးခင်ဗျ သားရဲ့မျက်နှာမှာ ဝက်ခြံပေါက်တာ ဝက်ခြံတွေကဘယ်လိုမှ အကင်းမသေဘဲ မျက်နှာတစ်ခုလုံးများလာလို့ ဆေးနည်းလေးညွှန်ပေးပါခင်ဗျ။

ဖြေ။      ။ မန်ကျည်းမှည့်အနှစ်နဲ့ နနွင်းမှုန့် ကော်ဖီဇွန်းငယ်တစ်ဇွန်း ရောနယ်ပါ။   မျက်နှာမှာလိမ်းမိနစ် ၂၀ ကြာမှ မျက်နှာသစ်ပါ။ ၁၄ ရက်ဆက်ပြုလုပ်ပါ။

မေး။     ။ ဆရာရှင့် ကျွန်မသား ၁ နှစ်ခွဲလောက်က ဘယ်ဘက်လက်ဖမိုးပေါ်  မီးပူမတော်တဆထိသွားတာ ဆေးသောက်ဆေးလိမ်းနဲ့ သက်သာသွားတော့ အမာရွတ်ကြီးကျန်ခဲ့တယ်ဆရာ။ အမာရွတ်ပျောက်ဆေးတွေ လိမ်းတာလည်း  အမာရွတ်နေရာမှာ  အသား အရေ အရောင်ဖွေးသွားတာကလွဲရင် သိပ်မထူးခြားပါဘူး။ ဘယ်လို အမာရွတ်ပျောက်ဆေးလိမ်းရမလဲ ဆရာကြီး လမ်းညွှန် ပေးပါရှင့်။

ဖြေ။      ။ ဖီးကြမ်းငှက်ပျောသီးအခွံကို အသားဘက်မှကပ်ပြီး ပတ်တီးစည်းထားပါ။  ညအိပ်ရာဝင်စည်း မနက်ဖြေပါ။ ရက်ရှည်ပြုလုပ်ရပါမယ်။

မေး။     ။ ဆရာကြီးခင်ဗျာ ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်။ ဆီးချိုသွေးချိုရှိပါတယ်ခင်ဗျာ။ နောက်ဆက်တွဲရောဂါအနေနဲ့ ခြေသလုံး ရိုးတွင်းခြင်ဆီထဲမှာ အပ်နဲ့ထိုးသလိုကိုက်ခဲနေတာ  နေ့ရောညပါအိပ်မရဖြစ်နေလို့ပါ။ ပျောက်ကင်းမည့်ဆေးနည်းလေး ညွှန်ကြားပေးစေချင်ပါတယ်ခင်ဗျ။

ဖြေ။      ။ ဆီးချိုကိုက်ခဲ ရှမ်းဆေးခါးရွက်နှင့် သစ်ကြံပိုး(၂း၁)ရောစပ်ပြီး အမှုန့်ကြိတ် တစ်နေ့နှစ်ကြိမ် ဟင်း စားဇွန်းတစ်ဇွန်း သောက်ပေးပါ။ ပရဆေးဆိုင်မှာမေးဝယ်ပါ။ ကိုက်ခဲသည့်နေရာတွင် မုန်ညင်းဆီထဲ ချင်းတက် ထုခြေထည့် မီးနဲ့ဆူအောင်ချက် စိမ့်ဝင်အောင်လိမ်းပါ။

မေး။     ။ ဆရာကြီးခင်ဗျာ ကျွန်တော့်သားက ၂ နှစ် ၃ လအရွယ်ပါ။ ခြေဖျားတွေအေးပြီး အပေါ်ပိုင်းက ကိုယ်တအားပူ နေလို့ပါဆရာ။ ညပိုင်းဆိုရင် ပိုဖြစ်ပါတယ်။ ဖျားတာ ၃ ရက်ရှိပါပြီ။ ကျေးဇူးပြု၍ ဆေးနည်း လေး လမ်းညွှန်ပေးပါဦးဆရာ။

ဖြေ။      ။ ညဘက်ဖျားရင် အဆုတ်ပွလို့ပါ။ မုန်ညင်းဆီထဲ ကွမ်းရွက်ခြေထည့် မီးနဲ့ဆူအောင်ချက်ရင်ဘတ်နဲ့ နောက်ကျောလိမ်းပါ။ ကင်ပွန်းချဉ်ရွက်လက်တစ်ဆုပ်ကို ထန်းလျက် ၅ ခဲ ရောကျို ဆားအနည်းငယ်ထည့် သုံးခွက်တစ်ခွက်တင်ကျို အအေးခံပြီး ၃ ဇွန်း၊ တစ်နေ့ ၃ ကြိမ်တိုက်ပါ။

မေး။     ။ ဆရာမင်္ဂလာပါခင်ဗျာ။ ကျွန်တော့် ဦးလေး အသက် ၆၇ နှစ်ပါ။ နောက်ကျောမှ မခံမရပ်နိုင်အောင် ဦးခေါင်းကိုထိုးပြီး ကိုက်နေပါတယ်။ သွေးပေါင်မှာလည်း တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ မည်သို့ နေထိုင်စားသောက်ရမည်ကို ညွှန်ကြားပေး ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဖြေ။      ။ ရှောက်ရည်နဲ့ ပျားရည်ရောစပ်သောက်ပါ။ သွေးတိုးရင်ဒန့်သလွန်ရွက် အရည်ညှစ် ၃ ဇွန်း၊ သံပရာရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းရောစပ်သောက်ပါ။ တိုင်းရင်းဆေးအမှတ် ၄၃ အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူးရှူပေးပါ။ ချင်းပါးပါးလှီး နားထင်နှစ်ဖက်မှာ ကပ်ပေးပါ။

မေး။     ။ ဆရာကြီးခင်ဗျ တင်ပါးတွင် ဘက်ထရီအိုးမှ အက်စစ်များဖိတ်ပြီး အနာများဖြစ်ခဲ့ပါတယ်။ ၎င်းအနာများ ပျောက်သွား သော်လည်း ပုစွန်နဲ့ ငါးခြောက်များစားသောအခါ အသားများယားပြီး အနာများပြန်ဖြစ်လာပါတယ်။ ဆေးနည်းများ ညွှန်ပြ ပေးပါဦးခင်ဗျ။

ဖြေ။      ။ အနာဟောင်းများမှ အခန့်မသင့်ရင် ယားနာဖြစ်တတ်ပါတယ်။ အနာဖြစ်စဉ်က အပေါ်ယံက ကျက်ပြီး အောက်ကမကျက်ဘဲ ကျန်ခဲ့လို့ပါ။ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ။ ကုက္ကိုရွက် အရည်ညှစ်လိမ်းပေးပါ။ ယားလျှင် သံပရာရည်နှင့် သနပ်ခါးကို ဆားအနည်းငယ်ထည့်ရောသွေးလိမ်းပါ။

မေး။     ။ မင်္ဂလာပါဆရာ။  ကျွန်တော့် အသက် ၄၅ နှစ်ရှိပါပြီ။   သွားတွေဟာ ရေအေးသောက်လို့ မရလောက်အောင် ကျဉ်နေပြီး အသားမာတွေစားရင်လည်း နာနေသလိုဖြစ်နေပြီး ကိုက်လို့မရပါ။ သက်သာပျောက်ကင်းမဲ့ ဆေးနည်းလေးညွှန်ပေးပါဆရာ။ ကျေးဇူး အထူးတင်ပါတယ်ဆရာ။

ဖြေ။      ။ သွားဖုံးတွေမကောင်းလို့ပါ။ ပုဏ္ဏရိပ်ပန်းပင် အရိုးအရွက်ပြုတ်ငုံပေးပါ။ တမာခေါက်ပြာချ သွားအခြေမှာ သိပ်ပေးပါ။   ခြေလေးချောင်းသားရှောင်စားပါ။ ရေခဲရေရှောင်ပါ။

မေး။     ။ ဆရာကြီးခင်ဗျာ ဆောင်းရာသီရောက်တိုင်း မျက်စိတွေယားနေလို့ပါခင်ဗျာ   ဆေးနည်းလေးညွှန်ကြားပေးပါခင်ဗျာ။

ဖြေ။      ။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ် ဒူးအထက်မှအောက် ရေလောင်းခြေဆေးပေးရင် အပူကန်သက်သာပါတယ်။ မျက်စိလည်း ကြည်ပါတယ်။ မန်ကျည်းခေါက်နဲ့ဆား ရောသွေးမျက်စိကွင်းပါ။

မေး။     ။ ဆရာရုံးမှာတစ်နေကုန် ကွန်ပျူတာကြည့်လို့ မျက်ရိုးလား၊ အာရုံကြောလားမသိ ကိုက်ပြီး မျက်လုံးဝါးတာ  တိုင်းရင်းဆေးလေး ပြောပြပေးပါရှင့်။

ဖြေ။      ။ ဒန့်သလွန်ရွက် သန့်စင်အောင်ရေဆေး ခြေပြီး အရည်ညှစ် တစ်စက်နှစ်စက်မျက်စဉ်းခတ်ပေးပါ။ ချက်ချင်းသက် သာပါတယ်။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ် ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေး ရင် မျက်စိအခိုးတက်သက်သာပါတယ်။ ကျားမနိုင်နွယ်မြစ်သွေး မျက်စိကွင်းပေးပါ။

မေး။     ။ ဆရာရှင့် သမီးအသက်က ၂၆ နှစ်ပါ။ မနက်အိပ်ရာနိုးနဲ့ ညအိပ်ရာဝင်တိုင်း ဒူးအထက်မှ ရေလောင်းဆေးပါတယ်။ အဲ့လိုဆေးတဲ့အခါတိုင်း တစ်ကိုယ်လုံးချမ်းတုန်တက်လာပါတယ်။ ရေချိုးတဲ့အခါတိုင်းလည်း ဘယ်ဘက်ဒူးအထက်ကနေစပြီး ရေလောင်းဆေးပြီး တဖြည်းဖြည်းချင်း အထက်ဘက်ကို လောင်းချိုးပါတယ်။ ရေပထမတစ်ခွက်လောင်းလိုက်ကတည်းက ချမ်းတက်လာပါတယ်။ ကြက်သီးထပါတယ်။ ရေချိုးတိုင်းဖြစ်နေတော့ ပုံမှန်ပဲလား။ သမီးရေချိုးတဲ့ပုံစံတစ်ခုခုလွဲနေလို့လား သိချင်လို့ပါဆရာ။

ဖြေ။      ။ မှန်ပါတယ်။ အေးတဲ့ရာသီမှာတော့ ရေနွေးစပ်ချိုးနိုင်ပါတယ်။ ချင်းတက်ကို  ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထား။  အုပ်ထား။ အအေးခံထားပါ။ ရေချိုးပြီးတိုင်းသောက်ပါ။   ။

ကြည်လွင်မြင့်(မုဒြာ)

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 1215443597682c8f9e4bef32.97780764 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).