လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်နှင့် ရွှေကြာသင်္ကန်းကပ်လှူခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် - ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦး စေတီ တော်ကြီး၌ နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း ကျင်းပပြုလုပ်သော ဗုဒ္ဓဘိသေက အနေကဇာ တင်နှင့် ရွှေကြာသင်္ကန်းကပ်လှူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ကြီး၌ ပြုလုပ်ရာ လားရှိုးမြို့၊ မဟာဗောဓါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မဟာဗောဓါရုံကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက မုဒ်ဝအသီးသီးရှိ မုဒြာရုပ်ပွားတော်မြတ်တို့အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ကြွရောက်လာကြသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ထံမှ အနုမောဒနာတရားကို နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးေ၀ ခဲ့ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သံဃာတော်များအာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။