လူတစ်ဦး၏လိမ်ညာမှုကြောင့် တောင်သြစတြေးလျပြည်နယ်တစ်ခုလုံးကို တင်းကျပ်သော စည်းမျဉ်းများချမှတ် ရခြင်းဖြစ်ဟုဆို

ဆစ်ဒနီ၊ ကျန်းမာရေး

သြစတြေးလျနိုင်ငံရှိ တောင်သြစတြေးလျပြည်နယ် ၌ အမျိုးသားတစ်ဦး၏လိမ်ညာမှုကြောင့် ပြည်နယ် တစ်ခုလုံးကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် ကမ္ဘာ့အတင်းကျပ်ဆုံးစည်းမျဉ်းများချမှတ်လိုက်ရခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောသည်။

ကွာရန်တင်းစင်တာအဖြစ်သတ်မှတ်ထားသော ဟိုတယ်မှလုံခြုံရေး အလုပ်သမားတစ်ဦးသည် ဗြိတိန်မှ ပြန်လာသူ တစ်ဦးထံမှ တစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်။ ထိုလုံခြုံရေး အလုပ်သမားသည် အက်ဒဲလေ့မြို့ရှိ ဝုဗေးပီဇာဘား၌လည်း အချိန်ပိုင်း အလုပ်လုပ်သူဖြစ်သည်။ ထို့နောက် ကွာရန်တင်းစင်တာ အဖြစ်သတ်မှတ် ထားသောအခြားဟိုတယ်မှ အလုပ်သမားတစ်ဦး သည်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်။

သို့သော် ¤င်းအနေဖြင့် ထိုပီဇာဘား၌အဆိုင်း ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်ကို အမှန်အတိုင်း မပြောဘဲ ထိုဘားမှ ပီဇာဝယ်ရုံသာ ဝယ်ခဲ့သည်ဟု ကိုဗစ်-၁၉ ရောဂါ ဇာစ်မြစ်လိုက်သူများကို လိမ်ညာခဲ့ သည်။

ထို့ကြောင့် ထိုအမျိုးသားအနေဖြင့် ပီဇာဝယ်စဉ် အချိန်ကာလတို အတွင်း ဗိုင်းရပ် ကူးစက်ခံရသည့် အတွက် ထိုဗိုင်းရပ်သည် အလွန်ကူးစက်မြန်သော မျိုးစိတ်ဖြစ်သည်ဟု တာဝန်ရှိသူများက ကနဦးတွင် ယူဆခဲ့ခြင်းဖြစ် သည်။

ယင်းအမျိုးသားအနေဖြင့် ရောဂါဇာစ်မြစ်လိုက် သူများကို အမှန်အတိုင်းပြောပါက ၎င်းတို့အနေဖြင့် ခြောက်ရက် ကြာ တင်းကျပ်သော အသွားအလာ ကန့်သတ်မှုချမှတ်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် စတီဗင်မာရှယ်က ပြောသည်။

ထို့ပြင်   ဗိုင်းရပ်သည်  ကနဦးယူဆ ထားသလို ကူးစက်မှုမမြန်ပါက ခြောက်ရက်ကြာအသွားအလာ ကန့်သတ်မှုကို နိုဝင်ဘာ ၂၁ ရက်သန်းခေါင်ယံမှစ၍ ရုပ်သိမ်းမည်ဖြစ်ကြောင်း ၎င်းက နိုဝင်ဘာ ၂ဝ ရက်တွင်ပြောသည်။

အလားတူ ရောဂါဇာစ်မြစ်လိုက်သူများကလည်း ထိုအမျိုးသားနှင့်ထိတွေ့သူများကိုရှာဖွေကာ ကွာရန် တင်းဝင် စေရန်   ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။