လူမှုရေးပညာ တက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁ဝ

လူမှုရေးပညာ တက္ကသိုလ်  (Social Work Institute)  တည်ထောင် ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေး အတွက် လူမှုရေးပညာ တက္ကသိုလ်သည် မဖြစ်မနေ လိုအပ်ကြောင်း၊ သင်ရိုးညွှန်းတမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ၊  ပညာရပ်ပိုင်း ဆိုင်ရာနှင့် လူ့စွမ်းအား အရင်းအမြစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ပေးအပ်သည့် တာဝန်များကို အဖွဲ့လိုက်ပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က  လူမှုရေးပညာ တက္ကသိုလ်ဖွင့်လှစ် နိုင်ရေးနှင့် ပတ်သက်သည့်  လိုအပ်သည့်  အကြောင်းအရာများအား ဖြည့်စွက်ပြော ကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည် ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား  ပြောကြားသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြား ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။