လွိုင်လင်၊ အသက်မွေးဝမ်းကျောင်း
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဟဲနန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဇွန် ၂၆ ရက်နံနက် ပိုင်းတွင် ကျင်းပသည်။ အခမ်းအနားတွင် လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇော်မင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဟိန်းကသင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်း မှ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ် လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ အကြောင်းအရာများ၊ မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတအကြောင်းအရာများကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြားပို့ချပေးကြောင်းသိရသည်။