နေပြည်တော် ဧပြီ ၂ဝ
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ အပြင်ပဒံ ရပ်ကွက်နှင့် ကဇင်ကျေးရွာတို့ရှိ အိမ်ထောင်စု ၃ဝဝဝ စုတို့အတွက် ဆန်၊ ဆီ၊ပဲ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။