လှော်ကားဥယျာဉ်၌ ဆောင်းခိုငှက်လာရောက်ကြည့်ရှုသူများအတွက် ကိုယ်အင်္ဂါထိခိုက်မှု အာမခံဝန်ဆောင်မှုထားရှိပေးမည်

လှော်ကားဥယျာဉ်၌ ဆောင်းခိုငှက်လာရောက်ကြည့်ရှုသူများအတွက် ကိုယ်အင်္ဂါထိခိုက်မှု အာမခံဝန်ဆောင်မှုထားရှိပေးမည်

ရန်ကုန်တိုင်းဒေသကြီးရှိ  လှော်ကား ဥယျာဉ်နှင့် အာမခံမိတ်ဖက်လုပ်ငန်းဖြစ် သော FNI Life တို့ပူးပေါင်း၍ လှော်ကား ဥယျာဉ်အတွင်း ဆောင်းခိုငှက်ကြည့်ရှုမှု အစီအစဉ်သစ်သို့  လာရောက်လည်ပတ် ကြည့်ရှုသူများအတွက် ကိုယ်အင်္ဂါထိခိုက် မှု   အာမခံဝန်ဆောင်မှုထားရှိပေးမည်ဖြစ် ကြောင်း Htoo Zoos and Gardens Business Unit မှ CEO ဒေါ်ကြည်ဖြူ ဇော်၏ပြောပြချက်အရ သိရသည်။

ဆောင်းခိုငှက်ကြည့်ရှုမှု   အစီအစဉ် သစ်ကို  ၂၀၂၀  ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က  လှော်ကားဥယျာဉ်၌  စတင်မိတ် ဆက်ခဲ့ခြင်းဖြစ်ပြီး  သဘာဝနှင့်  ငှက်များ ကြားရှိ   ဂေဟစနစ်အကြောင်းကို   သိရှိ နားလည်စေရန်၊   လှော်ကားဥယျာဉ်၏ သဘာဝရှုခင်းအလှများကို  ခံစားကြည့်ရှု နိုင်ရန်နှင့်   ဆောင်းရာသီတွင်   နေရာ ရွှေ့ပြောင်းနေထိုင်ကြသည့် ဆောင်းခိုငှက် များအကြောင်း    ဗဟုသုတရရှိစေရန် ရည်ရွယ်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

လှော်ကားဥယျာဉ်က  ရန်ကုန်တိုင်း ဒေသကြီးမှာတည်ရှိတဲ့   သဘာဝအလှ တရားကိုခံစားဖို့ အကောင်းဆုံးနေရာတွေ ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။  အခု လို COVID-19  ရောဂါဖြစ်ပွားနေချိန်မှာ လူအများက စိတ်ဖိစီးမှုတွေရှိနေတဲ့အတွက် စိတ်လက်ပေါ့ပါးမှုရဖို့၊   အနားယူနိုင်ဖို့ နေရာအသစ်တွေကို ရှာဖွေနေကြပါတယ်။ ဒါကြောင့် လှော်ကားဥယျာဉ်မှာ လာရောက်လည်ပတ်တဲ့ ပြည်သူတွေအတွက် Package  အမျိုးမျိုးနဲ့ ဆောင်းခိုငှက်ကြည့်ရှုမှု အစီအစဉ်သစ်ကို မိတ်ဆက်ပေးခဲ့တာဖြစ် ပါတယ်။ ဒါ့ပြင် ဆောင်းခိုငှက်လာရောက် ကြည့်ရှုသူတစ်ဦးချင်းစီအတွက်   အာမခံကြေး  ထပ်မံပေးဖို့မလိုအပ်ဘဲ   ကိုယ်အင်္ဂါထိခိုက်မှုအာမခံထားရှိပေးမှာဖြစ်ပါတယ် ဟု ဒေါ်ကြည်ဖြူဇော်ကပြော သည်။

လှော်ကားဥယျာဉ်အတွင်း လာရောက် လည်ပတ်သူများအနေဖြင့် ဆောင်းခိုငှက် များကို လေ့လာကြည့်ရှုနေချိန်  မတော် တဆ ထိခိုက်မှုဖြစ်နိုင်ခြေ သုညရာခိုင်နှုန်း သာရှိခြင်းကြောင့်   စက်ဘီးစီးသည့်အစီ အစဉ်ကိုလည်း ကြိုတင် သြသုငညါ စနစ် ဖြင့် စီးနင်းနိုင်ကြောင်း သိရသည်။

စီးနင်းနိုင်မည့်  စက်ဘီးလမ်းကြောင်း အားလုံးကို သတ်မှတ်ထားပြီး နံနက် ၆ နာရီမှ စတင်စီးနင်းခွင့်ပြုထားကာ စီးနင်း လိုသူများအနေဖြင့် ငွေကျပ် ၁၅၀၀၀ ဖြင့် အဖွဲ့ဝင်ကတ်ပြား   ပြုလုပ်ရမည်ဖြစ်ပြီး ကတ်ပြားမှာ   သုံးလသက်တမ်းဖြစ်ကာ ၁၀   ကြိမ်စီးနင်းခွင့်ရှိကြောင်း  သိရသည်။
လင်းခန့်