ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ နှင့် နေပြည်တော်ကောင်စီတို့တွင် တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို သြဂုတ် ၂၃  ရက်  နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂ဝ) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်    ပုဗ္ဗသီရိမြို့နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ဠသူကညအနနမ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ အစိုးရဝန်ထမ်း ၇၉ဝ ဦးအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပေးပို့လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံမည့်သူများအား ဆေးထိုးနှံခြင်းမပြုမီ စနစ်တကျ ကျန်းမာရေး စစ်ဆေးပေးပြီး ကိုဗစ်-၁၉ သံသယ လက္ခဏာများ စစ်ဆေးတွေ့ရှိပါက ကာကွယ်ဆေးထိုးနှံပေးခြင်း မပြုကြောင်းနှင့် သြဂုတ် ၁ ရက်က ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူ့ဝန်ထမ်းများကိုလည်း သြဂုတ် ၂၉ ရက်တွင် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။