ဝါးတန်း-ဒလ ကားကူးဇက်ရေယာဉ်ကို အခေါက်ရေပြောင်းလဲသတ်မှတ်ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်၊ ရေကြောင်းပို့ဆောင်ရေး

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်များမှ ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့စွာ ကူးသန်းရောင်း ဝယ်နိုင်ရေးအတွက် ရန်ကုန် မြို့ရှိ ဝါးတန်း-ဒလ ကားကူးဇက်ရေယာဉ်များ ပြေးဆွဲပေးလျက်ရှိရာ လက်ရှိကာလတွင် ခရီးသွားဦးရေ နည်းပါးခြင်းကြောင့် အခေါက်ရေပြောင်းလဲသတ်မှတ်ကာ ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝ ကျွန်းပေါ် ဌာနခွဲ)မှ သိရသည်။

ထိုသို့ပြေးဆွဲပေးရာတွင် လက်ရှိ ခရီးသွားလာသူဦးရေ နည်းပါးခြင်းကြောင့် အခေါက်ရေပြောင်းလဲသတ်မှတ်ပြီး ဇက် ရေယာဉ် နှစ်စင်းဖြင့်   နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ အသွား ရှစ်ခေါက်၊ အပြန် ရှစ်ခေါက်ပြေးဆွဲကာ ကုန်စည်နှင့် မော်တော်ယာဉ်များ  ကူးသန်းသွားလာမှု အဆင်ပြေစေရန် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ယခင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလက ကားကူး ဇက်ရေယာဉ် နှစ်စင်းဖြင့် အသွား ၁၄ ခေါက်၊ အပြန် ၁၄ ခေါက် ပြေးဆွဲပေးခဲ့ပြီး တစ်ရက်လျှင်  မော်တော်ယာဉ်အစီးရေ  ၅၀၀  ကျော်   ကူးသန်းသွားလာမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါးတန်း-ဒလ ကားကူးဇက်ရေယာဉ်ကို နေ့စဉ်  ပြေးဆွဲပေးခြင်းဖြင့် ရန်ကုန်မြို့တွင်း မော်တော်ယာဉ်လမ်း ကြောင်း ပိတ်ဆို့မှု များကို တစ်ဖက်တစ် လမ်းမှ ဖြေလျှော့ပေးနိုင်ပြီး  မော်တော် ယာဉ်များအနေဖြင့် ဝါးတန်းဘက်ကမ်း နှင့် ဒလဘက်ကမ်းကြား    အချိန် တို အတွင်း ကူးသန်းသွားလာနိုင်ကြောင်း သိရသည်။

အဆိုပါဇက်ရေယာဉ်ဖြင့် ကူးသန်းသွား လာကြသောယာဉ်များတွင် ရဟန်းသံဃာ တော်များ  စီးနင်းလိုက်ပါလာသောယာဉ် များကို   အခမဲ့သယ်ယူပို့ဆောင်ပေးပြီး ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများကို သတ်မှတ်ထားသော နှုန်းထားများအတိုင်း  ငွေကြေး ကောက်ခံကာ သယ်ယူပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းဦး