သတိပြုကာကွယ် တတိယလှိုင်းအန္တရာယ်

သတိပြုကာကွယ် တတိယလှိုင်းအန္တရာယ်

ယခုအချိန်ကာလ ကမ္ဘာပေါ်မှာ ဘယ် အကြောင်းအရာက အရေးအကြီးဆုံးဖြစ် နေပါသလဲလို့မေးလာခဲ့ရင် အရာအားလုံး ထက်အရေးအကြီးဆုံးက   ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှု အကျပ်အတည်း ကနေ အမြန်ဆုံးလွန်မြောက်နိုင်ဖို့ပဲဖြစ် ပါတယ်။ ဒီလို ကျော်လွှားလွတ်မြောက်နိုင် ဖို့အတွက် ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားမှု တွေကိုဘေးချပြီး နိုင်ငံများအားလုံး ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ၁၃-၃-၂၀၂၀ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပထမလှိုင်းနဲ့ဒုတိယလှိုင်း နှစ်ခုပေါင်းရင် ပိုးတွေ့ရှိတဲ့လူနာပေါင်း ၁၄၃၃၁၈ ဦးရှိ ခဲ့ပြီး ၁၄၀၁၀၂ ဦး ပြန်လည်ကောင်းမွန် ခဲ့တာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအား ဖြင့် ၉၇ ဒသမ ၇ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ရောဂါပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံ စွမ်းအားကိုရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ခဲ့ ကြတာဖြစ်ပါတယ်။ 

ယခု ၂၇-၅-၂၀၂၁ ရက်ကနေ စတင် သတ်မှတ်တဲ့ တတိယလှိုင်းမှာတော့ ၁၅-၇-၂၀၂၁ ရက်နေ့အထိ စစ်ဆေးသူ ၃၀၀၅၃၃ ဦးမှာ ပိုးတွေ့သူ ၆၅၇၆၆ ဦးနဲ့ သေဆုံးသူ ၁၀၄၈ ဦးရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ပိုးတွေ့ရှိသူဦးရေနဲ့ သေဆုံး တဲ့လူဦးရေကို ရာခိုင်နှုန်းအရ တွက်ချက် ကြည့်မယ်ဆိုရင်တော့ ပထမလှိုင်း (ငါးလ နီးပါး) မှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဒုတိယ လှိုင်း (ကိုးလကျော်ကျော်) မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပေမယ့် တတိယလှိုင်း (တစ်လခွဲကျော်ခန့်) မှာတော့ ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိနေပါတယ်။ ယခုလက်ရှိ ကိန်း ဂဏန်းတွေအရတော့  ဗီဇပြောင်းကိုဗစ် ရောဂါပိုးဟာ ကူးစက်နှုန်းမြင့်မားလာတာနဲ့ အမျှ သေဆုံးမှုတွေလည်း မြင့်တက်လာနိုင် ပါတယ်။

ဘာကြောင့် ကူးစက်မြန်ရသလဲ

ဘာကြောင့်ကူးစက်မြန်ရပါသလဲလို့မေးရင်တော့ ယခင်မူလဗိုင်းရပ်ကနေ သန္ဓေပြောင်းလာတဲ့ မျိုးကွဲများကြောင့်လို့ နားလည်လွယ်အောင် ဖြေရပါလိမ့်မယ်။ ယခုမြန်မာနိုင်ငံမှာ တွေ့ရှိနေရပြီဖြစ်တဲ့ အမျိုးအစားကတော့ စိုးရိမ်စရာအုပ်စုထဲ မှာပါဝင်တဲ့ Delta Strain  နဲ့ Alpha Strain  တို့ပဲဖြစ်ပါတယ်။  မူလပထမ ကိုဗစ်ရောဂါပိုးဟာ ကူးစက်နိုင်မှုနှုန်း R0 ဂဏန်းအနေနဲ့ ၂ ဒသမ ၄ မှ ၂ ဒသမ ၆ အတွင်းမှာသာရှိပေမယ့်လည် Alpha  နှင့် Delta   မျိုးကွဲသစ်တို့ရဲ့ R0  ဂဏန်းဟာ ၄ မှ ၅ နဲ့ ၅ မှ ၈ ထိ အသီးသီးရှိတာကို  သိရှိရပါတယ်။ ဆိုလိုတာက တကယ်လို့ R0  ဂဏန်းဟာ ၂ ဖြစ်တယ်ဆိုပါစို့။ ရောဂါ ပိုးရဲ့ကူးစက်ပြန့်ပွားနှုန်းဟာ လူတစ်ဦးမှ နှစ်ဦး၊ နှစ်ဦးမှ လေးဦး၊ လေးဦးမှ ရှစ်ဦး၊ ရှစ်ဦးမှ ၁၆ ဦး စသဖြင့် အဲဒီR0  ဂဏန်း အတိုင်း ဆတိုးကူးစက်သွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အာရှနိုင်ငံအများစုမှာ ပထမလှိုင်း၊  ဒုတိယလှိုင်းနဲ့မတူညီတဲ့ ဗီဇပြောင်းမျိုးကွဲသစ် Deltacoronavirus အမျိုးအစားကြောင့် ကူးစက်မှုနှုန်းတွေ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။ 

ပြည်သူအများအနေနဲ့လည်း ဖြစ်ပေါ် ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ကိုဗစ် ရောဂါကို သတိလက်လွတ်ဖြစ်သွားခဲ့ပြီး သတ်မှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာ မှုအားနည်းခဲ့ပါတယ်။ ကပ်ရောဂါကာကွယ် တားဆီးရေးရှုထောင့်ကကြည့်ရင် ဘယ်လို မှ လက်ခံလို့မရတဲ့ အင်အားရာထောင်ချီ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့တာ အားလုံးအသိ ပဲဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှု များကြောင့် အားနည်းသွားခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကလည်း ရောဂါ ကူးစက်နှုန်း ထိန်းချုပ်တားဆီးရေးမှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် ဆောင်ရွက်နေမှုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုဗစ်ရောဂါပိုးရဲ့ သဘောသဘာဝနဲ့ ကူးစက်ပြန့်ပွားနိုင်မှုကို ကြိုတင်မြော်တွေး ထားခဲ့တာကြောင့် ကိုဗစ်ကာကွယ်တားဆီးရေးကို ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာ ဒုတိယအချက်အနေနဲ့ ထည့်သွင်းရေးဆွဲထားတာ ကိုလည်း တွေ့ရပါတယ်။ ယခင်က ရောဂါ ဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကို သင် ခန်းစာယူပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ နဲ့ ယခုကာလအတွင်း ချက်ချင်းလက်ငင်း ဆောင်ရွက်ရမယ့် ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်လို့ ရနိုင် သမျှသော စွမ်းအားများကို စုစည်းကာ နည်းလမ်းပေါင်းစုံ ဆောင်ရွက်နေတာဖြစ်ပါ တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်ကာကွယ်ထိန်းချုပ်ကုသဖို့ ဆောင် ရွက်နေတဲ့နေရာမှာ-­-Quarantine Center  (အရပ်ဘက်)      ၉၃၃ နေရာ (၄၄၇၈၄ ဦး)­- ­- Positive လူနာထားမည့်နေရာ (အရပ်    ဘက်)  ၁၈၂ နေရာ (၁၀၂၃၉ ဦး)- ကုသရေး Center (အရပ်ဘက်)      ၃၃၈ နေရာ (၁၆၄၅၂ ဦး)  စုစုပေါင်း ၁၄၅၃ နေရာ (၇၁၄၇၅ ဦး)­-Quarantine Center  (တပ်မတော်)      ၁၁၉၄ နေရာ (၃၂၁၀၄ ဦး) - Positive  လူနာထားမည့်နေရာ (တပ်မ     တော်) ၂၃ နေရာ (၂၉၉၈ ဦး)- ကုသရေးCenter (တပ်မတော်)      ၆၁ နေရာ      (၃၈၇၀ ဦး)   စုစုပေါင်း ၁၂၇၈ နေရာ(၃၈၉၇၂ ဦး)စီစဉ်ထားရှိပြီးဖြစ်ပါတယ်။  Stay at Home  ကြေညာထားတဲ့ မြို့နယ် ၇၄ မြို့နယ်က မိုးလုံလေလုံအားကစားခန်းမနဲ့ စာသင်ကျောင်းတွေအပြင် Cyclone Shelter တွေမှာ လိုအပ်ရင် Quarantine Center တွေဖွင့်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 
တပ်မတော်အနေနဲ့ ကပ်ရောဂါကာကွယ် တားဆီးကုသရေးမှာ ယခင်ကလည်း ကူညီ ခဲ့သလို ယခုလည်းအစွမ်းကုန်ကူညီဆောင် ရွက်နေပါတယ်။ ကျန်းမာရေးဝန်ထမ်း အင်အားအနေနဲ့ တပ်မတော်ပါရဂူ ၃၃၉  ဦးအပါအဝင် စုစုပေါင်းတပ်မတော်သား ကျန်းမာရေးဝန်ထမ်း ၅၈၁၈ ဦးကို ကိုဗစ်ရောဂါကာကွယ်ကုသရေးအတွက် သီးခြားတာဝန်ပေး    အင်အားဖြည့်တင်းပြီး အရပ်ဘက်ကျန်းမာရေးဝန်ထမ်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  CDM  မလုပ်ဘဲ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ နိုင်ငံ့ ဝန်ထမ်းကောင်း အရပ်ဘက်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၉၁၄၅ ဦးဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများမှာ တာဝန်ထမ်းဆောင်လျက် ရှိနေကြတယ်လို့ သိရှိရပါတယ်။ သယ်ယူ ပို့ဆောင်ရေးအနေနဲ့ အရပ်ဘက်လူနာတင် ယာဉ် ၁၀၈၀ စီးနဲ့ စစ်ဘက်လူနာတင် ယာဉ် ၁၀၀ စီး စီစဉ်ထားရှိပြီး ကာကွယ်၊ ကုသရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တွေကို လိုအပ်သလို အသုံးပြုလျက်ရှိပါတယ်။

တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေ၊ စေတနာရှင်ဝန်ထမ်းတွေ ပူးပေါင်းပြီး Mask ကမ်ပိန်းတွေပြုလုပ်တာ၊ အခမဲ့ ဖြန့်ဝေပေးတာတွေ၊ အသိပညာပေးလက် ကမ်းစာစောင်ဖြန့်ဝေပေးတာတွေ တစ်နိုင်ငံ လုံးအနေနဲ့  နေ့စဉ်ဆောင်ရွက်နေကြတာ ကိုလည်း   မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ယခင်NLD အစိုးရလက်ထက်မှာMaskခြောက်သောင်းလောက် အခမဲ့ဝေငှဖို့ အခက်အခဲရှိခဲ့ပေမယ့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာတော့  ဇွန်လတစ်လအတွင်းမှာတင် Mask၁၂ သန်းလောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လစဉ် Mask ၁၀ သန်းအထက်နဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် ၅ သန်းလောက် ဖြန့်ဝေပေးဖို့လည်း စီစဉ်နေပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက်   သုံးစွဲရမယ့်ဘဏ္ဍာငွေကို ကန့်သတ်မထားဘဲ ရုရှားနိုင်ငံကနေ တစ်ကြိမ်မှာ  (၁ နာရီနဲ့ ၃၀ မိနစ်အတွင်း) လူဦးရေ ၁၄၀ ကို စစ်ဆေးပေးနိုင်တဲ့   PT-PCR  စနစ် ရောဂါစစ်ဆေးစက်သုံးလုံးဝယ်ယူထားပါတယ်။

ယခုအချိန်အထိ မြန်မာနိုင်ငံမှာ လူဦးရေ   ၃ ဒသမ ၃၇ သန်း (သုံးသန်းသုံးသိန်း ခုနစ်သောင်းကျော်) ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေကနေ ကာကွယ် ဆေးတွေ ဝယ်ယူထားပါတယ်။  ရုရှားနိုင်ငံ က ကာကွယ်ဆေး ၂ သန်းခန့်ဝယ်ယူဖို့ သဘောတူညီခဲ့ပြီး တရုတ်နိုင်ငံကလည်း ၅ သန်းဝယ်ယူထားပါတယ်။ ဇူလိုင်လထဲမှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့   ကိုဗစ်ကာကွယ်ဆေးပူးပေါင်းထုတ်လုပ်ဖို့အထိ ဆောင်ရွက်နေပြီး မကြာမီလေ့လာသုံးသပ်ရေးအဖွဲ့ လာရောက် တော့မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ကိုဗစ်ရောဂါကာကွယ်ဆေးကို Ready to Fill Bulk (RTF) စနစ်နဲ့ ပူးပေါင်းထုတ် လုပ်ဖို့ စီစဉ်နေပြီး ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ နှစ်ကြိမ် ဆွေးနွေးပြီးဖြစ်ပါတယ်။

ကပ်ရောဂါကို နိုင်ငံရေးအရအသုံးမချသင့်ဒီလိုရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တွေ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပေ မယ့်  ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ယနေ့ ကြုံတွေ့နေရတဲ့ တတိယလှိုင်းနဲ့ အရင်က ပထမ၊ ဒုတိယလှိုင်းအခြေအနေတွေကို  လွဲမှားစွာ ချိန်ထိုးနှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေတာတွေကို   တွေ့ရှိလာရပါတယ်။ဆိုးဝါးတဲ့အချက်ကတော့  ဒီလောက် ပြည်သူလူထုစိုးရိမ်ပူပန်ကြီးစွာနဲ့ ကျန်းမာ ရေးအခက်အခဲဖြစ်နေရတဲ့ အချိန်မှာ လူတချို့က ကပ်ရောဂါကို နိုင်ငံရေးအရ အသုံးချနေကြခြင်းပါ။   ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို အနှောင့် အယှက်ဖြစ်အောင် မဟုတ်မမှန်သတင်း အမျိုးမျိုးထုတ်လွှင့်နေကြတဲ့အပြင် ကိုဗစ် စစ်ဆေးရေးဂိတ်များနှင့် ကိုဗစ်ကာကွယ် ရေးပရဟိတလုပ်နေသူများကို ကြမ်းဖက်တိုက်ခိုက်တဲ့အထိ ယုတ်မာစွာ လုပ်ဆောင် နေကြတာကို စိတ်မကောင်းစရာမြင်တွေ့ နေရပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာစေဖို့နဲ့  ပြည်သူလူထုအကြား စိုးရိမ်မှုတွေကြီးထွားလာစေဖို့ ကိုဗစ်ကာ ကွယ်တားဆီးရေးပစ္စည်းတွေနဲ့ အောက်ဆီ ဂျင်တွေတင်သွင်းဖို့  ရပ်ဆိုင်းတယ်ဆိုတဲ့ စာအတုတစ်စောင်   လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကိုထိခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မိုက်မဲတဲ့ နိုင်ငံရေးအောက်လုံးတွေဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲကို အသုံးချပြီး နိုင်ငံရေးအစွန်းရောက်တွေက နိုင်ငံရေးအကျိုးအမြတ်ကို ဖန်တီးနေကြတာဖြစ်ပါတယ်။ အားလုံးပူးပေါင်းပြီး  ကာကွယ်တားဆီးကြရမယ့်အချိန်ကြီးမှာ ကိုဗစ်ရောဂါကူးစက်နှုန်းမြင့်မားနေမှုကို နိုင်ငံရေးတိုက်ကွက်အနေနဲ့ အသုံးချနေကြ တာဟာ အလွန်ဆိုးဝါးတဲ့လုပ်ရပ်၊ မလုပ် သင့်တဲ့လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။ 

အဲ့သလို ကိုဗစ်-၁၉ ရောဂါကို နိုင်ငံရေး လက်နက်သဖွယ်အသုံးပြုပြီး မဟုတ်မမှန်တဲ့ သတင်းအချက်အလက်အမှားတွေပေးနေတာ၊ ရောဂါပိုးပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေဟာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်၊ းအန္တရာယ်ဖြစ်အောင် တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်လို့ ဇီဝနည်းအရ အကြမ်းဖက်မှုလို့ခေါ်တဲ့ Bioterrorism လုပ်ဆောင်ခြင်းမြောက်ပါတယ်။ ဒီလိုမျိုးသတင်းအမှားတွေ၊ မဟုတ်မမှန်ပြောကြားချက်တွေကို ပြည်သူလူထုကြီး  နားမယောင်မိကြဖို့ အထူးအရေးကြီးပါတယ်။ 

ယခုလတ်တလော အောက်ဆီဂျင်ပြဿနာ ယခုလတ်တလောဖြစ်ပွားနေတဲ့ အောက် ဆီဂျင်ပြဿနာရဲ့ အဓိကအကြောင်းရင်းက ရောဂါကူးစက်မှုမြင့်တက်လာတာကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ Quarantine  စနစ်ပြောင်းလဲသွားမှုကြောင့်ဖြစ်ပါတယ်။ ဒီရောဂါရဲ့သဘောသဘာဝအရ ဖြစ်ပွားသူအရေအတွက်များစွာက ရောဂါလက္ခဏာအနည်းငယ်သာခံစားရပြီး  အချိန်ကာလတစ်ခုအတွင်းမှာ သက်သာပျောက်ကင်းသွားကြတာ ဖြစ်ပါတယ်။ မူလရောဂါအခံရှိနေသူများနဲ့ ကိုယ်ခံအားလျော့နည်းနေသူများအတွက်သာ စိုးရိမ်စရာဖြစ်ပါတယ်။ ရောဂါအပြင်းအထန်ခံစားနေရသူတွေတောင်မှ   အောက်ဆီဂျင်အသုံးပြုမှုကို သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။

သို့သော်လည်း ရောဂါကူးစက်မှု ရုတ်တရက်မြင့်မားလာတဲ့အခါမှာ စိုးရိမ်ကြောင့်ကြစိတ်ကြောင့်  အောက်ဆီဂျင်အိုးများ ရှာဖွေဝယ်ယူကြတာ၊ စုဆောင်းသိမ်းဆည်းတာတွေရှိလာပါတော့တယ်။ သတင်းအမှားတွေနဲ့ ပေါင်းစပ်တဲ့အခါမှာ    အောက်ဆီဂျင်ဝယ်လိုအားက ရုတ်တရက်မြင့်မားလာခဲ့ပြီး အမှန်တကယ်လိုအပ်သူများထံကို အောက်ဆီဂျင်လိုအပ်သလောက် အချိန်မီမရရှိခဲ့တာတွေဖြစ်ခဲ့ရပါတယ်။ အောက်ဆီဂျင်ကို   အမှန်တကယ်မဖြစ်မနေလိုအပ်နေတဲ့ ရောဂါဖြစ်ပွားနေသူ ရာခိုင်နှုန်းနည်းပေမယ့် အောက်ဆီဂျင်ကို ဝယ်ယူလိုတဲ့ဝယ်လိုအားရာခိုင်နှုန်းက များနေခြင်းဖြစ်ပါတယ်။    
လက်ရှိအောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏနှင့်  အမှန်တကယ်အသုံးလိုတဲ့  ပမာဏလုံလောက်တဲ့အခြေအနေရှိပေမယ့်   ဒါကို မသမာသူတွေက  အောက်ဆီဂျင်လိုအပ်ချက်ကို နိုင်ငံရေးအောက်လုံးထိုးပြီး အဖျက်အမှောင့်လုပ်ဆောင်နေကြလို့  ပြည်သူလူထုအတွင်း အောက်ဆီဂျင်မလုံလောက်ဘူးဆိုတဲ့ စိုးရိမ်မှုများ မြင့်တက်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါဖြစ်ပွားသူ၊    အောက်ဆီဂျင်လိုအပ်သူ၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုများ၊ ထပ်မံလိုအပ်လာနိုင်တဲ့ အခြေအနေများကို အသေးစိတ်တွက်ချက်ပြီး    အောက်ဆီဂျင်လိုအပ်ချက်ဖြည့်ဆည်းဖို့ စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင် ပမာဏကိုပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့အတွက် တစ်နေ့ကို အလုံးပေါင်း ၁၄၄၀ ထုတ်လုပ်နိုင်မယ့် အောက်ဆီဂျင်စက်ရုံတစ်ခု တစ်လအတွင်း အမြန်တည်ဆောက်နေပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း   ကိုဗစ်ရောဂါကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ ဆေးဝါးနဲ့ ဆက်စပ်စက်ပစ္စည်းမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးနေပါတယ်။ Oxygen Concentrator တင်သွင်းမယ်ဆိုရင် FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင်လျှောက်ဖို့တောင် မလိုအပ်ဘဲ တင်သွင်းနိုင်ကြပါတယ်။ ဒါ့ကြောင့်လည်း ယခုရက်ပိုင်းအတွင်း တရုတ်နဲ့ ထိုင်းနယ်စပ်ဂိတ်များကနေ အောက်ဆီဂျင်အရည်နဲ့ အောက်ဆီဂျင်အိုးများ တင်သွင်းပြီး လိုအပ်တဲ့နေရာများကို အမြန်ဖြန့်ဝေနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့အရပ်ဘက် စက်မှုသုံးအောက်ဆီဂျင်စက်ရုံများက တိုးမြှင့်ထုတ်လုပ်ခြင်း၊   စက်အသစ်များတိုးချဲ့တပ်ဆင်ထုတ်လုပ်ခြင်းများကို လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

နောက်တစ်ချက်က ရောဂါကူးစက်မှုနှုန်း မြင့်မားလာခြင်းနဲ့ ကျန်းမာရေးဝန်ထမ်းကန့်သတ်ချက်တွေကြောင့် Quarantine ထားရှိတဲ့စနစ် ကို ပြောင်းလဲကျင့်သုံးနေပါတယ်။ ပထမအဆင့်အနေနဲ့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိသူတွေကို မိမိအိမ်တွင်သာ သီးခြားနေထိုင်စေခြင်း ဆောင်ရွက်ပါတယ်။  ဒုတိယအဆင့်အနေနဲ့  ရောဂါအတည်ပြုလူနာတွေနဲ့ သီးသန့်စောင့်ကြည့်ရမယ့် လူနာတွေကို ဆေးရုံတွေနဲ့ Positive Center တွေမှာထားရှိပြီး အနီးကပ်စောင့်ကြည့်ကုသပေးလျက်ရှိပါတယ်။ တတိယအဆင့်မှာတော့ ရောဂါလက္ခဏာပြင်းထန်သူတွေကို ဆေးရုံများမှာ အထူးကြပ်မတ်ကုသမှုတွေ ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် Positive လူနာတွေကို ဆေးရုံတွေကလက်မခံဘဲ ပြန်လွှတ်နေတယ်ဆိုတာ နားလည်မှုလွဲမှားခြင်းဖြစ်ပါတယ်။  လူနာရဲ့ ရောဂါလက္ခဏာအပေါ်မူတည်ပြီး တက်ရောက်ကုသမှုခံရမယ့်နေရာကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ တတိယလှိုင်းရဲ့ ကူးစက်နှုန်းမြင့်မားမှုကြောင့် ကာကွယ်ကုသရေးလုပ်ငန်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံတကာစံနှုန်းများနဲ့အညီ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးမြန်မာနိုင်ငံမှာတော့ ဒီနေ့ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့  မျိုးရိုးဗီဇကွဲရောဂါပိုးရဲ့ သဘော သဘာဝနဲ့  ပြည်သူတွေကျန်းမာရေးသတိလျော့ နည်းသွားချိန် တိုက်ဆိုင်မှုကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်များက သုံးသပ်ထားပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကူးစက်နှုန်းကို ထိန်းသိမ်းနိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့ဆိုတာက တစ်ဦး ကောင်းတစ်ယောက်ကောင်း ဆောင်ရွက်လို့ရ နိုင်တဲ့ ကိစ္စရပ်မဟုတ်ဘဲ  မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းများအားလုံး၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်ကြီးဖြစ်ပါ တယ်။ မိမိအရေး၊ မိမိရဲ့မိသားစုအရေး၊ မိမိ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ရဲ့အရေးကနေ မြန်မာနိုင်ငံကြီးတစ်ခုလုံးအတွက် အသိတရားနဲ့ရော သတိတရားနဲ့ပါ အားလုံးပူးပေါင်းကာကွယ်ရမယ့် အရေးကိစ္စဖြစ်ပါတယ်။ပြည်သူလူထုကြီးအနေနဲ့လည်း ကပ်ရောဂါ ကာကွယ်ရေးတားဆီးရေးအတွက်  အဓိက ကတော့ နှာခေါင်းစည်းကို စနစ်တကျတပ်ပါ။ 

လက်ဆေးပါ။ ၆ ပေ ခပ်ခွာခွာနေထိုင်ပါ။ လူစုလူဝေးရှောင်ပါ။ မလိုအပ်ဘဲ အပြင်မထွက် ကြဖို့ပါပဲ။ မိမိရဲ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားမြင့် တတကစေမယ့် အစာတွေကို ရွေးချယ်စားဖို့၊ ပြည့်ဝစွာအနားယူဖို့နဲ့ နေ့စဉ်အနည်းဆုံး ၃၀ မိနစ်ခန့် လှုပ်ရှားမှုဆောင်ရွက်ဖို့လည်း အင်မတန်အရေးကြီးလှပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လိုအပ်တဲ့စစ်ဆေးကြပ်မတ်မှုနဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို  ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိပါတယ်။ယခုကူးစက်မြန် ကိုဗစ်-၁၉ ကပ်ဆိုးရောဂါ ရင်ဆိုင်ခုခံကျော်လွှားနိုင်ရန် ပြည်သူအများစု ကို ဇဝေဇဝါဖြစ်စေဖို့ရည်ရွယ်တဲ့ နိုင်ငံရေးရမ္မက်ဖုံးလွှမ်းတဲ့ လှုံ့ဆော်မှုတွေက ဒီကပ်ရောဂါဆိုးကြီးကို အောင်မြင်အောင်တိုက်ထုတ်ရာမှာ အဟန့်အတားဖြစ်စေပါတယ်။ သို့သော်လည်း CDM မလုပ်ကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အခြားပုဂ္ဂလိကဆေးရုံ/ဆေးခန်းတွေက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး တတိယလှိုင်းကို ညီညီညွတ်ညွတ်နဲ့ အနစ်နာခံ ကာကွယ်တွန်းလှန်နေကြတာကိုမြင်ရတာက    မျက်ရည်စို့ရလောက်အောင် ဝမ်းသာဂုဏ်ယူဖြစ်ရပါတယ်။ အချို့အထူးကုဆရာဝန်ကြီးတွေဆိုရင်  ကိုယ်နဲ့ကျွမ်းကျင်သက်ဆိုင်တဲ့ နယ်ပယ်ရပ်က မဟုတ်တာတောင်မှ  ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ဆန္ဒပြုပြီးဆောင်ရွက်နေကြတာကို လေးစားဂုဏ်ယူဖွယ်တွေ့ရှိရပါတယ်။ 

နိဂုံးချုပ်ရရင်တော့ အခုလိုအခြေအနေမျိုး မှာ နိုင်ငံရေးအရောင်အသွေးခွဲခြားနေရမယ့် အချိန်၊ တိုက်ခိုက်နေရမယ့်အချိန် မဟုတ်ဘဲ အစိုးရနဲ့ပြည်သူရင်ချင်းဆက် ကျောချင်းကပ်ပြီး ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှသာ ကပ်ရောဂါကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှား နိုင်မှာဖြစ်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါ တယ်။   ။