သရက်သီးနှင့် ပို့ကုန်သီးနှံများ တစ်ရက်လျှင် တန် ၂၀ ကျော် ထုပ်ပိုးနိုင်သည့် စက်ရုံတည်ဆောက်နေ

သရက်သီးနှင့် ပို့ကုန်သီးနှံများ တစ်ရက်လျှင် တန် ၂၀ ကျော် ထုပ်ပိုးနိုင်သည့် စက်ရုံတည်ဆောက်နေ

သရက်သီးနှင့်  ပို့ကုန်သီးနှံများ  နိုင်ငံ တကာပို့ကုန်စံနှုန်းအတိုင်း    တင်ပို့နိုင်ရန် နှင့် ရာသီချိန်တွင် တစ်ရက်လျှင် တန် ၂၀ ကျော် စဉ်ဆက်မပြတ်ထုပ်ပိုးနိုင်ရန်  ထုပ် ပိုးစက်ရုံသစ်ကို  မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လအတွင်းက    စတင်တည်ဆောက်နေကြောင်း   သဇင်နွယ်မိသားစု   ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါ်သန်း သန်းဆွေ၏ပြောပြချက်အရ သိရသည်။ 
ပို့ကုန်သရက်သီးတွေကို  လူထိတွေ့ကိုင်တွယ်မှုအနည်းဆုံးစနစ်နဲ့    ထုပ်ပိုး မှာပါ။ ဂျပန်နည်းပညာ  ပိုးသတ်ဆေးကိုအသုံးပြုပြီး   ဆေးကြောအခြောက်ခံပြီး တစ်ရက်ကို အနည်းဆုံး တန် ၂၀ ကျော် ထုပ်ပိုးနိုင်မယ့်စက်တွေ တပ်ဆင်အသုံးပြု မယ်။   သရက်ရာသီမှာ  ပြီးခဲ့တဲ့နှစ်က တင်ပို့တာထက် ၁၀ ဆပိုတင်ပို့နိုင်ဖို့ ဒီစက်ရုံ သစ်ကို   တည်ဆောက်တာဖြစ်ပါတယ်။   လာမယ့်သရက်ရာသီမှာ  နိုင်ငံတကာကို  အရည်အသွေးကောင်း   သရက်သီးတွေတင်ပို့နိုင်ဖို့   ကြိုတင်ပြင်ဆင်နေပါတယ်။ သရက်ရာသီပြီးရင် တခြားပို့ကုန်သီးနှံတွေ ကိုလည်း  ဒီစက်ရုံမှာ  ထုပ်ပိုးနိုင်အောင် ဆောင်ရွက်မှာပါ ဟု ဒေါ်သန်းသန်းဆွေ ကပြောသည်။

  အဆိုပါစက်ရုံကို  လာမည့်သရက် ရာသီအမီ  မတ်လအတွင်း   အပြီးတည် ဆောက်မည်ဖြစ်ပြီး  မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ သရက်စိုက်ပျိုးသူများ ပြည်ပ ပို့ကုန်သရက်သီးရောင်းချနိုင်ရန်၊  အရည် အသွေးအလိုက်   ထိုက်တန်သည့်  ဈေးကောင်းရရှိနိုင်ရန်နှင့်     နိုင်ငံတကာသို့   အအေးခန်းကွန်တိန်နာများဖြင့်  ပင်လယ် ရေကြောင်းမှတစ်ဆင့်  ချိတ်ဆက်တင်ပို့ နိုင်ရန်    ရည်ရွယ်တည်ဆောက်ခြင်းဖြစ် ကြောင်း  သိရသည်။     ဇော်မျိုး(မြဝတီ)