သီတဂူသံဃသန္နိပါတလေးထပ် ကျောင်းဆောင်ကြီး ဆောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း၊ ဘာသာရေး

စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၌ တည်ဆောက်လျက်ရှိသော သီတဂူသံဃသန္နိပါတ လေးထပ် ကျောင်းဆောင်ကြီးဆောက်လုပ်မှုမှာ ဇွန်လနောက်ဆုံးပတ်တွင် ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

အဆိုပါသီတဂူသံဃသန္နိပါတကျောင်းဆောင်ကြီးစတုတ္ထထပ်တွင် ထိုင်တော်မူရုပ်ပွား ဆင်းတုတော်ကြီးနှင့် သံဃာ ၁၀၀၀ ကျော် စည်းဝေးရာ ခန်းမဆောင်ကြီး၊ တတိယထပ်တွင် စာသင်ခန်းမ၊ သံဃာတော်များသီတင်းသုံးရာခန်းမများနှင့် အစည်းအဝေး ခန်းမ၊ ဒုတိယထပ်တွင် သံဃာ ၁၀၀၀ ကျော်တစ်ပြိုင်တည်းဆွမ်းဘုဉ်းပေးနိုင်သော ဆွမ်းစားဆောင်၊ မြေညီထပ်တွင် ရုံးခန်းများ၊ ယာဉ်ရပ်နားရာ နေရာတို့ပါဝင်သည်။ ထို့ပြင် ကျောင်းတော်ကြီး၏မျက်နှာစာတွင် ကြီးကျယ်ခမ်းနားသော ရပ်တော်မူရုပ်ပွားဆင်းတု တော်ကြီးအားဖူးမြင်ရမည်ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)