သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲပြုလုပ်

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၀
အနောက်တောင်တိုင်းစစ်ဌာနချုပ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ကန်တော့ခံအဘိုးအဘွားများ၊ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် ပတ်သက်၍ ပန်ကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန်တော့ခံ အဘိုးအဘွား ၂၃ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး သက်ကြီး ဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများကျွေးမွေးသည်။ ယင်းနောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား များနှင့် ဆုပေးစကားများပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။