အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ ဇန်နဝါရီ - ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ နေ ယမင်းထက်(ဘ)ဦးရေလွှမ်း သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကိုလုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် နေ အောင်နိုင်ဦး(ခ)အိုစမာ(ဘ)ဦးအလီကာ သည် ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း လက်နက်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်ခဲ့ သည့်အတွက်ကြောင့် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၀)ရပ်ကွက်နေ မျိုးမြင့်သန်း(ခ)အသေးလေး(ခ)လင်းယုန်(ဘ)ဦးသောင်းညွန့် သည် PDF အမည်ခံအကြမ်းဖက်အဖွဲ့ ဆက်ကြေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ခြင်း၊ လက်နက်/ခဲယမ်းများ ရောင်းဝယ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်ခြင်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ အင်းစိန် မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ထက်ရှား(ခ)ဘာဘာ(ဘ)ဦးကြည်ဝင်း၊ ဝင်းသူရ (ခ)သူရ(ဘ)ဦးမင်းသူ နှင့် ဒလမြို့နယ်၊ အန်ကြီးအရှေ့ရပ်ကွက်နေ ခန့်ဝင်းထွန်း(ခ) ကျော်ကျော်(ဘ)ဦးမျိုးဝင်းတို့ ၃ ဦးသည် ဆက်သွယ်ရေးတာဝါတိုင်များ၊ စာသင် ကျောင်းများ၊ အစိုးရရုံး/ဌာနများနှင့် စက်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့်လည်းကောင်း၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နေ နန္ဒအောင်လင်း(ခ) လူးဝစ်(ဘ) ဦးကိုကိုဦး သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ခြင်း၊ လက်နက်/ ခဲယမ်းများ ရောင်းဝယ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နေ ဖြိုးကိုကိုစံ(ခ)ကိုပေါက်(ဘ)ဦးသန်းဦး သည် အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးရာတွင်ပါဝင်ခြင်း၊ အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံထောက်ပံ့ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်း ကောင်း၊ မြောက်ဉက္ကလာပမြို့နယ်၊(စ)ရပ်ကွက်နေ နေအောင်လွင်(ခ) နေကြီး(ဘ) ဦးကျော်ရွှေ သည် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့ခြင်း၊ အုပ်ချုပ် ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးရာတွင် ပါဝင်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခဲ့များကို လုပ်ဆောင်ခဲ့သည့် အတွက်ကြောင်း လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀(က)နှင့် ၅၀(ည)တို့အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။