အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် လမ်း၊ တံတားများ စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့ရ

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် လမ်း၊ တံတားများ စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သောပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ် ခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

          ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ  နိုဝင်ဘာလ ၂၀ ရက်အထိ လမ်း၊ တံတားများ စုစုပေါင်း ၃၉၇ ခုပျက်စီးဆုံးရှုံးခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များ၏ ယခုကဲ့သို့ လမ်း၊ တံတားများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှု များအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်း ရေးတို့အတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။