အင်တာမီယာမီအသင်း ရှောခရော့စ်ကိုခေါ်ယူ

မီယာမီ၊ အပြောင်းအရွှေ့

ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်သော အမေရိကန်မေဂျာလိဂ်အသင်း အင်တာမီယာမီသည် စတုတ်အသင်းမှ   ဝါရင့်ခံစစ်မှူး ရွိုင်ယန်ရှောခရော့စ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က အတည်ပြု ကြေညာခဲ့သည်။

အင်တာမီယာမီအသင်းသည်  ၂၀၂၀  ရာသီက အရှေ့ပိုင်းကွန်ဖရန့်လိဂ်တွင် အဆင့် (၁၀) သာရရှိသဖြင့်   ထိပ်တန်း ကစားသမားများဖြစ်သော ဟီဂူအင်နှင့်မာတိုင်ဒီတို့ကို  ခေါ်ယူအားဖြည့်ထားသကဲ့သို့ နည်းပြအဖြစ် ဘက်ခမ်း၏ မန်ယူကစားဖော်ဟောင်း  ဖီးလ်နဗီးလ်ကို  မကြာသေးမီက ခန့်အပ်ထားရာ ယခုအခါ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး  စတုတ်အသင်း၌ ၁၃ နှစ်ကြာကစားခဲ့သည့် ရှောခရော့စ်ကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

Ref:Dailymail