အင်ဒိုနီးရှားက တစ်နှစ်ကိုတန်ချိန် တစ်သန်းခွဲကျ သံမဏိစက်ရုံ ဖွင့်လှစ်

အင်ဒိုနီးရှားက တစ်နှစ်ကိုတန်ချိန် တစ်သန်းခွဲကျ သံမဏိစက်ရုံ ဖွင့်လှစ်

အင်ဒိုနီးရှားနိုင်ငံက တစ်နှစ်လျှင် တန်ချိန် တစ်သန်းခွဲအထိ ကျမည့်  သံမဏိစက်ရုံကို စက်တင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါသံမဏိစက်ရုံကို အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ထိုစက်ရုံကို ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ပြည်ပမှ သံမဏိတင်သွင်းမှုကိုလျှော့ချနိုင်မည်ဟု မျှော်လင့်ကြောင်း အစိုးရအဖွဲ့ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသံမဏိစက်ရုံကို နိုင်ငံပိုင် PT Kra-katau Steel ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ကာ ဖိအားမြင့် အပူပေးသံမဏိများကို ထုတ်လုပ်သွားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါစက်ရုံ အနေဖြင့် တစ်နှစ်လျှင် တန်ချိန်လေးသန်းအထိ ကျနိုင်သည်အထိ မျှော်မှန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ပြောသည်။

အဆိုပါစက်ရုံကို လည်ပတ်နိုင်ခြင်းအားဖြင့် ပြည်တွင်း သံမဏိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ  ပြည်ပမှ တင်သွင်းမှုကို အလုံးစုံ လျှော့ချနိုင်မည်ဟု မျှော်မှန်းကြောင်း ဂျိုကိုဝီဒိုဒိုက ဆက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည်  ကမ္ဘာပေါ်ရှိသံမဏိ တင်သွင်းမှု အများဆုံးသော ၁ဝ နိုင်ငံစာရင်းတွင် တစ်နိုင်ငံအဖြစ် ပါဝင်ကြောင်းသိရသည်။