အင်ဒိုနီးရှား၌ ဆူနာမီလှိုင်းဖြစ်ပေါ်နိုင်မှုသတိပေးချက်ထုတ်ပြန်

ဂျကာတာ၊ သဘာဝဘေး

အင်ဒိုနီးရှားတာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏နီကယ်ထုတ်လုပ်ရာဒေသဖြစ်သော မာလူကူကျွန်းစု၌ ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျုရှိ   အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များနှင့် ဆူနာမီလှိုင်းဖြစ်ပေါ်နိုင်မှုများအတွက် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ငလျင်ကြောင့် နောက်ဆက်တွဲငလျင်များနှင့် ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် မာလူကူပြည်နယ် ဆီရမ်ကျွန်းရှိ ဂျပူတီနှင့် အဖာဟူကမ်းရိုးတန်းတစ်လျှောက်၌ နေထိုင်သူများအနေဖြင့် သတိဝီရိယရှိရန် မိုးလေဝသဌာန၏ ဇွန် ၁၆ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ကမ်းရိုးတန်းဒေသမှ ကုန်းမြင့်ဒေသဘက်သို့ပြောင်းရွှေ့ရန် တာဝန်ရှိသူများက တိုက်တွန်းထား သည်။ သယံဇာတပေါကြွယ်ဝသည့် အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ၏ မီးကွင်းဇုန်တစ်လျှောက်၌တည်ရှိသည်။ အဆိုပါ မီးကွင်းဇုန်အတွင်း အနက် ၁၀ ကီလိုမီတာ၌ ငလျင်များ ဖြစ်ပေါ်တတ်ပြီး ငလျင်တစ်ခါလှုပ်ပါက နောက်ဆက်တွဲငလျင်အနည်းဆုံး ၁၃ ခုလှုပ်လေ့ရှိကြောင်း သိရသည်။

Ref: Bangkok Post