အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော် ဘုရားကြီး (ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသော အဘရာကျော် ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်း ကျင်းပပြုလုပ်

အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော် ဘုရားကြီး (ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသော အဘရာကျော် ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်း ကျင်းပပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော်ဘုရားကြီး(ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော် မူသော အဘရာကျော်ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ပြုလုပ်ရာ အင်းစိန်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ် များထံမှ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော်ဘုံ အဆင့်ဆင့်သို့ ပင့်ဆောင်တင်လှူပူဇော်ကြသည်။
အဆိုပါစေတီတော်အား ၁၉၄၅ ခုနှစ်တွင် ဗောဓိပက္ခိယမဟာ ပထမံဓမ္မစေတီ၊ သီလ၊ သာမာဓိ၊ ပညာ၊ သိက္ခာ၊ သိဒိ္ဓ မဟိဒိ္ဓရှင်သဒ္ဓမ္မဒေဝကိတ္တိရကျော် ဆရာတော် ကြီးသည် မင်းဓမ္မကုန်းတော်ပေါ်တွင် သာသနာ့ဓာတ်ပန္နက်စိုက်ထူကာ ရွှေလဝင်း ဓာတ်ပန္နက်တစ်တောင် တစ်မိုက်စေတီကို တည်ခဲ့သည်။ ယင်းစေတီတော်အား အလှူရှင်အသီးသီးမှ အဆင့်ဆင့်မွန်းမံခဲ့ရာ ထီးတော် သုံးဆက် အဆင့်သုံးဆင့် ရှိခဲ့သည့်အတိုင်း ပထမ၊ ဒုတိယ ထီးတော်ကို ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် တင်လှူခဲ့ပြီး နောက်ဆုံးအထွတ်ထီးတော်ကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် တင်လှူခဲ့ကာ ယနေ့တွင် ရွှေထီးတော်အသစ်ကို ထပ်မံတင်လှူအနေကဇာတင် ဆင်ယင်ပြီး ရေစက်သွန်းလောင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။