အင်းတော်မြို့နယ်၊ နန့်ဒရက်ချောင်းကူးတံတားအား စိစစ်ဆဲသောင်းကျန်းသူအဖွဲ့က ဒေသန္တရ လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ မတ် - ၂၈
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ နန့်ဒရက်ချောင်းကူး တံတားအား စိစစ်ဆဲသောင်းကျန်းသူအဖွဲ့မှ ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ အင်းတော်မြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ၂၈၀ ပေ၊ အကျယ် ၂၈ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ် အမျိုးအစားတံတားဖြစ်သည့် နန့်ဒရက်ချောင်းကူးတံတားအား ယနေ့နံနက် ၂ နာရီခန့်တွင် စိစစ်ဆဲသောင်းကျန်းသူအဖွဲ့မှ ဒေသန္တလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားလက်ရန်း (ဝဲ/ယာ) ၁၅ ပေခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီး ကြမ်းခင်း ၂ ပေခန့် ပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရှိ ရသည်။
    
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မော်တော် ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရှိရပြီး အဆိုပါနေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။