လက်ရှိအချိန်တွင် Mobile Internet ငွေလွှဲ၊ ငွေပေးဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသဖြင့် အငြိမ်းစား မိဘပြည်သူများ အနေဖြင့် မိမိတို့၏ E-Pension Card များ အသုံးပြု၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။ Myanmar Mobile Money, MPT Pay, Mytel Pay တို့ကို အသုံးပြု၍ မိမိတို့နှင့် နီးစပ်ရာ Mobile Agent များထံတွင်လည်း အငြိမ်းစားလစာများကို ထုတ်ယူနိုင်ပါသည်။ အငြိမ်းစားလစာများ လစဉ်ထုတ်ယူရန် သတ်မှတ်ထားသော ၂၁ ရက်နေ့မှ လကုန်ထိရက်များ အပြင် အခြားနှစ်သက်ရာ နေ့ရက်များတွင်လည်း ထုတ်ယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်